ကမ်းနားလမ်းညဈေးတန်းရှိဈေးသည်များအား ကျန်းမာရေးအသိပညာသင်တန်းပေးမည်

ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီနှင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်း၍ ကမ်းနားလမ်း ည ဈေးတန်းရှိ ဈေးသည်များအား သန့်ရှင်းလတ်ဆတ်သော အစား အစာများ ရောင်းချရေး အသိ ပညာသင်တန်းပေးမည်ဟု သ တင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုကြောင့် ယင်းအစီအ စဉ်ကို ညဈေးတွင် စတင်ဆောင် ရွက်မည်ဖြစ်ပြီး သန့်ရှင်းလတ် ဆတ်၍ ရောဂါကင်းရှင်းသော အ သားငါးများ ရောင်းချရေးနှင့် အ စားအစာများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရန်ရည် ရွယ်၍ မကြာမီ သင်တန်းပေးနိုင် ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မ တီ (YCDC) ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန လက် ထောက်ဌာနမှူး ဒေါက်တာလှမေ ဦးကပြောသည်။

‘‘FDA ရဲ့ဦးဆောင်မှုနဲ့ ဈေး ဌာနရယ်၊ ကျန်းမာရေးဌာနနဲ့အစ် မတို့က ပူးပေါင်းပါဝင်ပြီးတော့ သင်တန်းပို့ချမယ်။ နေရာက တော့ သိမ်ကြီးဈေးအပေါ်ထပ်မှာ ပါ။ အဓိကကတော့ သိသင့်တဲ့ အသားငါးတွေရဲ့ အပူချိန်အန္တ ရာယ်ပေါ့။ အသားထုတ်လုပ်ပြီး တာနဲ့ ဥပမာ- မနက်ဆို ၃ နာရီ၊ ၄ နာရီ ဆို အသားထုတ်လုပ်ပြီးပြီ။ အဲဒါ ကို ၆ နာရီထည့်ပေါင်းရင် မနက် ၉ နာရီ၊ ၁၀ နာရီပေါ့။ ပျမ်းမျှပြော ရရင် ၁၀ နာရီနောက် ပိုင်းဆို အသားကို တစ်ခုခုတော့ လုပ်ရတော့မယ်။ ရေခဲရိုက်မှာ လား၊ ရေခဲသေတ္တာထဲထည့်မှာ လား။ ပွက်ပွက်ဆူအောင်ပြုတ်မ လား၊ ဒါမှမဟုတ် ကင်မလား တစ်ခုခုပေါ့။ အဲဒါမှမဟုတ်ဘူးဆို ရင် ဒီအသားကို ဒီအတိုင်းထားရင် ပုပ်ကုန်မှာလေ။ အသားကို အ ရည်အသွေး မပြောင်းသွား အောင်၊ အရည်အသွေးကောင်း အောင် ဘယ်လိုပြန်ပြီးထိန်းသိမ်း မလဲဆိုတာ အဲဒီဗဟုသုတတွေ ကို ပြန်မျှဝေဖို့ပါ’’ ဟု ဒေါက်တာ လှမေဦးကပြောသည်။

အသားထုတ်လုပ်ပြီးခြောက် နာရီကျော်လျှင် ရေခဲသေတ္တာထဲ ထည့်ခြင်းနှင့် ရေခဲရိုက်ခြင်းများ ပြုလုပ်ရန်လိုအပ်ပြီး ထိုသို့မပြု လုပ်ပါက အသားများပြာလာ ခြင်း၊ အသားတွင်ပါဝင်သော ပရို တိန်းပြိုကွဲခြင်း၊ အသားအရောင်၊ အနံ့များ ပြောင်းလဲခြင်းနှင့်နောက် ဆုံး၌ပုပ်သိုးပျက်စီးမည်ဖြစ်သည်။ ယင်းအသားများကို စားသုံးမိလျှင် အသားထဲရှိ ရောဂါပိုးမွှားများသည် လူ့ခန္ဓာကိုယ်တွင်း ၀င်ရောက်၍ အထက်လန် အောက်လျှော ရော ဂါ၊ ၀မ်းပျက်ဝမ်းလျှော ရောဂါနှင့် အစာအိမ် လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် YCDC အနေ ဖြင့် သက်ဆိုင်ရာမြို့နယ်များအ လိုက် ဈေးများ၌ အသားများ ရောင်းချနေမှုကို ဈေးများဌာန၊ ဈေးသာယာရေးအဖွဲ့များနှင့် ပူး ပေါင်းကာ ရှောင်တခင်ဝင်ရောက် စစ်ဆေးနေပြီး ကျန်းမာရေးနှင့် မ ညီညွတ်သည့် မလတ်ဆတ်သော အသားငါးများရောင်းချနေသည် ကိုတွေ့ရှိလျှင် ယင်းအသားငါး များကို သိမ်းဆည်း၍ ဆေးဖျန်း ခြင်း၊ မြေမြှုပ်ဖျက်ဆီးခြင်း၊ရောင်း ချသူများကို အသိပညာပေးခြင်း နှင့် ခံဝန်ကတိရေးထိုးခိုင်းခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ဒေါက် တာလှမေဦးကပြောသည်။

ရန်ကုန်မြို့တွင် အမဲသား၊ သိုး၊ ဆိတ်၊ ၀က်စသော အသားများကို  ရွာသာကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ရွာမတို့၌ထုတ်လုပ်ပြီး ယင်းနေရာများတွင် အသားထုတ်လုပ်မှုသည် တစ်နေ့လျှင် ၈၆,၇၈၀ ပိဿာရှိကြောင်း YCDC စာရင်းများအရသိရသည်။

Source : 7day Daily News

Facebook comments