စက်မှုဇုန်များအတွင်း ကျူးကျော်တဲ တည်ဆောက်မှုများရှိပါက စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီသို့ အမြန်ဆုံးအသိပေးရန် စက်ရုံပိုင်ရှင်များအား တပ်လှန့်ထား

စက်မှုဇုန်များအတွင်း ကျူးကျော်တဲများ အသစ်တည် ဆောက်မှုကို အမြန်ဆုံးအသိပေး ရန် စက်ရုံပိုင်ရှင်များကို တပ်လှန့် ထားကြောင်း စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၆ ရက်ညက မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်၌ ကျူးကျော်တဲများ တည်ဆောက်ခြင်း ကြုံတွေ့ခဲ့ရ၍ ဖေဖော်ဝါရီ ၇ ရက်တွင် မြို့နယ် အိုးအိမ်မှ တာဝန်ရှိသူများ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြောင်းတကာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများက လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။

လူ ၂၀ ခန့်ပါသည့် အဖွဲ့သုံး ဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်က မြောင်းတကာစက်မှုဇုန်အတွင်း ဝင်ရောက်လာပြီး အခြေအနေ လေ့လာမှုများပြုလုပ်နေသည်ကို စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီက သတင်းရ၍ စက်ရုံပိုင်ရှင်များကို သတိထားစောင့်ကြည့်ပေးရန် တပ်လှန့်ထားရကြောင်း မြောင်း တကာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မ တီဥက္ကဋ္ဌ ဦးတင်လှိုင်က ပြော ကြားသည်။

‘‘ညဘက်ရောက်မှ မှောင်ရိပ် ခိုပြီး ကျူးကျော်တဲတွေ ဆောက် တယ်။ အခုမနက် သတင်းကြား ကြားချင်း ချက်ချင်းလိုက်ပြီး စစ် ဆေးမှုတွေ လုပ်ဆောင်နေပါ တယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စက်မှုဇုန်များတွင် ကျူး ကျော်ဝင်ရောက်ပြီး တဲထိုးနေထိုင်မှုကို ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ ၌ ကြုံတွေ့နေရပြီး စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီများက အစိုးရအဖွဲ့နှင့် ပူးပေါင်းထိန်းသိမ်းနေ ရကြောင်း၊ စက်ရုံပိုင်ရှင်များသည် လည်း စက်ရုံအနီးဝန်းကျင်တွင် ကျူးကျော်တဲဆောက်လုပ်နေ သည်ကို သိရှိပါက စက်မှုဇုန်စီမံ ခန့်ခွဲမှုကော်မတီသို့ အမြန်ဆုံးအ ကြောင်းကြား သတင်းပေးရန် မှာကြားထားကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

‘‘မြန်မြန်သိရင် မြန်မြန်ရှင်း လို့ရတယ်။ ကြာသွားရင် ရှင်းဖို့ မလွယ်ဘူး။ ဒါကြောင့် မြန်မြန် အသိပေးဖို့ ပိုင်ရှင်တွေက မှာထားတယ်’’ဟု ဦးအုန်းဆိုင်က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေ လင်ဗန်းစက်မှုဇုန်တွင် လယ်ယာ မြေလျော်ကြေးတောင်းခံရာ၌ လူ အချို့က စက်ရုံအဝင်ဝများတွင် တဲထိုးပိတ်ဆို့ငွေတောင်းခံမှုများ၊  စက်ရုံပိုင်ရှင်များကို ခြိမ်းခြောက်မှုများ ရှိခဲ့သည်။

ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြတ်ရွှေနဒီစက်ရုံတွင် ငှားရမ်းထား သည့် စက်ယန္တရားများထုတ်ယူ ခြင်းကို တားမြစ်ခြင်း၊ စက်ရုံဝန် ထမ်းများနှင့် မန်နေဂျာကို ရန်ပြု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ ကြောင်း အဆိုပါကုမ္ပဏီပိုင်ရှင် ဒေါ်ညွန့်ညွန့်ဝေက ပြောသည်။

လယ်ယာမြေလျော်ကြေးအ ကြောင်းပြ၍ စက်ရုံရှေ့တွင် တဲ ထိုးပြီး ငွေကြေးတောင်းခံမှုပြဿ နာသည် ရွှေလင်ဗန်းစက်မှုဇုန် တွင် ကြုံတွေ့နေရကာ မြတ်ရွှေနဒီကုမ္ပဏီက ကျပ်သိန်း ၁,၂၀၀၊ United Beauty Palace က ကျပ် သိန်း ၁၉၀၊ Ever Plastic က ကျပ်၂၅ သိန်းကို လျော်ကြေးတောင်း သူများအား ပေးခဲ့ရကြောင်း လုပ် ငန်းရှင်များက ပြောသည်။

Source : 7day Daily News

Facebook comments