ချင်းပြည်နယ်တွင် ဟိုတယ်တည်ဆောက်ခွင့်ရ လုပ်ငန်းရှင် ၁၂ ဦးကို ရွေးချယ်ပြီး

ချင်းပြည်နယ်တွင် တည်ဆောက်မည့် ဟိုတယ်လုပ်ငန်းများအတွက် လုပ်ငန်းရှင် ၁၂ ဦးရွေးချယ်ခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ က ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံများ အလုပ်အကိုင်ရရှိရေး ချင်းပြည်နယ်အတွင်းရှိ မြို့ခြောက်မြို့တွင် ဟိုတယ်တည်ဆောက်ခွင့် ကို အောက်တိုဘာက ခွင့်ပြုခဲ့ပြီး လုပ်ကိုင်ခွင့်တင်ဒါ စတင်ခေါ်ယူ ခဲ့သည်။

‘‘ပြီးခဲ့တဲ့တစ်ပတ်ကပဲ ရွေး ချယ်လိုက်ပါတယ်။ ပြည်ပဘက်က လာလျှောက်တဲ့သူ ခြောက်ဦးနဲ့ တိုင်းရင်းသားဒေသခံ ခြောက်ဦး စုစုပေါင်း ၁၂ ဦး ရွေးချယ်လိုက်ပါတယ်’’ဟု ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှုနှင့် ဟိုတယ်ခရီးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

မြို့ခြောက်မြို့တွင် ဟိုတယ် ၁၂ လုံးဆောက်လုပ်ခွင့်ရရှိသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များမှာ KL Amazing Company, Khing Solomon Company, Adventures Myanmar Com-pany, Falam Cherry Com-pany, Unique Asia Gate Con-struction Company, Sweet Hotel Group, ရွှေပြည်တံခွန်၊ ချင်းတွင်းဧရာ၊ ချမ်းသာရွှေမြေကုမ္ပဏီ၊ ရွှေစင်နန်းတော်၊ တောင်ဇလပ်ဟိုတယ်နှင့် လုပ်ငန်းရှင်ဒေါက်တာကမ်ကျင့်ဒါးလ်တို့ ဖြစ် သည်ဟုဆိုသည်။

လုပ်ကိုင်ခွင့်ရရှိသော လုပ် ငန်းရှင်များသည် ၂၀၁၇ မတ်လ နောက်ဆုံးထား၍ ဟိုတယ်တည် ဆောက်ရေးလုပ်ငန်းများ စတင်ရမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ဟိုတယ်လုပ်ငန်းလိုင်စင် တင်ရမည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်ထား သည်။ ဟိုတယ်များကို ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် တည်ဆောက်မည်ဖြစ်ပြီး ဟားခါးမြို့၌ ဟိုတယ်သုံးလုံး၊ ပလက်ဝမြို့တွင် ဟိုတယ်တစ်လုံး တည်ဆောက်မည်ဖြစ်ကာ ကျန်မြို့လေးမြို့၌ ဟိုတယ်နှစ်လုံးစီ တည်ဆောက်မည်ဟု သိရသည်။

 အဆိုပြုလွှာ အောင်မြင်သည့် လုပ်ငန်းရှင်များကို ပြည်နယ်အစိုးရက ငါးဧကအောက် မြေနေရာပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်သည် ဟိုတယ်တည်ဆောက် ရာတွင် အခန်း ၁၀ ခန်း အနည်းဆုံးထား၍ တည်ဆောက်ရမည် ဖြစ်သည်။

 သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုနည်းသည့် ဒေသ များတွင် ပါဝင်သည့် ချင်းပြည်နယ်၏ သဘာဝအလှအပ ရှုခင်းများ ကို အခြေခံ၍ ခရီးသွားလုပ်ငန်းကို ပြည်နယ်အစိုးရက အကောင်အ ထည်ဖော်ခြင်းဖြစ်ပြီး ၂၀၁၆ အောက်တိုဘာကလည်း ကမ္ဘာလှည့်ခရီးသည်များကို ဖိတ်ခေါ်မှုမြှင့်တင်ပွဲ ပြုလုပ်ခဲ့သည်။

 တည်ဆောက်မှုနှင့် ပတ် သက်၍ လုပ်ကိုင်ခွင့်ချထားပေးခြင်းနှင့် စီမံခန့်ခွဲမှုများကို ပြည်နယ်အစိုးရအဖွဲ့အပါအဝင် အခြားသက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူ ရပ်မိရပ်ဖများပါဝင်သော အဖွဲ့ရှစ်ဖွဲ့က စိစစ်ခဲ့သည်။

Source : 7day Daily News

Facebook comments