
မော်လမြိုင် - ရေး - ထားဝယ်လမ်းမ တစ်လျှောက် ဥယျာဉ်ခြံမြေကွက်များ

အရောင်းခေါ်ဆိုမှုများရှိနေ

 

မော်လမြိုင် - ရေး - ထားဝယ်လမ်းမတစ်လျှောက် စိုက်ပျိုးရေးခြံများနှင့်

ဥယျာဉ်မြေကွက်များ အရောင်းခေါ်ဆိုမှုများလျက် ရှိနေပြီး ရေးမြို့ပတ်ဝန်း

ကျင် မြေကွက်များအရောင်းအဝယ်ဈေးကွက် ကောင်းမွန်လျက်ရှိကြောင်း

ဒေသခံအကျိုးဆောင်များမှ ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ်ဒေသများနှင့် ကရင်ပြည်နယ်ဒေသများအတွင်း ခရီးသွား

လုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာခြင်းကြောင့် ခရီးသွားလာမှု လမ်းကြောင်းများ

နီးစပ်ရာ မြို့ရွာများအနီး ခြံမြေကွက်များ အရောင်းခေါ်ဆိုမှုများ ရှိလာပြီး

ဆက်သွယ်ကူးသန်းသွားလာမှု များလာသောကြောင့် နယ်ဒေသများ၏

အိမ်ခြံမြေဈေးကွက်များအတွင်း စိတ်ဝင်စားသူများ ရှိလာကြောင်းစုံစမ်း

သိရှိရသည်။

“ရေးဘက်မှာလည်း ဝယ်ရောင်းလေးတွေ ခုတလော ဈေးကွက်ကောင်း

နေတယ် လူဦးရေကလည်း များလာတယ် မြို့ပြင်ခြံတွေတချို့က အရင်က

စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ပေမယ့် လုပ်ငန်းမကောင်းတဲ့အခါ လူနေပြန်

လျှောက်ပြီး စီးပွားရေးလုပ်လာကြတဲ့အခါ ခြံမြေနေရာရှားတော့ ဈေးကောင်း

လေးတွေ ရကြတယ် အရင်ကမြို့စွန်ဘက်တွေဆို ခေါင်တော့ ဆယ်သိန်း၊

ဆယ့်ငါးသိန်းလောက်ပဲ ဈေးရှိတယ်ဝယ်မယ့်လူလည်းမရှိဘူး ခုနောက်ပိုင်း

ခုနကကလို လူနေထိုင်ခွင့်လျှောက်ထားပြီးတချို့လည်း စိုက်ပျိုးရေးမလုပ်ပဲ

တခြားစီးပွားရေးတစ်ခုခုလုပ်လာကြတာတွေရောပြန်ပြီး အရောင်းခေါ်ကြ

တာတွေရောပေ့ါ လက်ရှိမှာတော့ အကျယ်အဝန်းပေါ်မူတည်ပြီး သိန်း ၈၀ /

၁၀၀ ဝန်းကျင်လောက်ကနေသိန်း ၂၀၀ ကျော်ဝန်းကျင်အထိ ဈေးခေါ်ကြတယ်

ဖားအောက်တောရဘက်တွေမှာလည်း မြေကွက်အရောင်းခေါ်တာတွေရှိ

ပါတယ် ပေ ၄၀x၆၀ ကို သိန်း ၁၀၀ ပတ်ဝန်းကျင်လောက် အရောင်းဈေး

ရှိတယ် ဝယ်လိုတွေကတော့ လာလာကြည့်ကြပါတယ် အရောင်းအဝယ်ဖြစ်

တာလည်းရှိတယ် ညှိုနှိုင်းဝယ်ရောင်းပေ့ါ” ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်

တစ်ဦးက ပြောကြားသည်။

 

တနင်္သာရီလမ်းမကြီးတစ်လျှောက်မြို့ရွာများအနီးရှိ ဥယျာဉ်ခြံမြေများနှင့် အာရှ

လမ်းမကြီးတစ်လျှောက်ရှိ လူနေရပ်ရွာများအနီး ခြံမြေအရောင်းခေါ်ဆိုမှုများ

ခေါ်ဆိုမှုများ အနည်းနှင့်အများရှိလာနေပြီး အရောင်းအဝယ်ဈေးကွက် ပေါက်

ဈေးအနေဖြင့် သတ်သတ်မှတ်မှတ်မရှိသော်လည်း ကြိုက်ရောင်းကြိုက်ဝယ်၊

ညှိုနှိုင်းအရောင်းအဝယ်ဖြစ်မှုများအနေဖြင့် တွေ့ရကြောင်း ဒေသခံများမှ

ပြောကြားချက်များအရ သိရသည်။

 

Property Media Team

www.Property.com.mm

Facebook comments