ဒဂုံမြို့သစ် (ဆိပ်ကမ်း)တွင် ကျူးစာရင်း ကောက်ယူရာ၌ အိမ်ငှားများပါမကျန်ရေး ဆောင်ရွက်နေဟုဆို

သက်သေခံကတ်ပြား ထုတ်ပေးသည့်စနစ်ဖြင့် ကျူး ကျော်စာရင်းကောက်ယူခြင်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တွင် ဒီဇင်ဘာ ၂၆ ရက်က စတင် ခဲ့ရာ အိမ်ပိုင်ရှင်များသာ စာရင်း ဝင်ပြီး ငှားရမ်းနေထိုင်သည့် အိမ် ထောင်စုများ ကျန်ခဲ့မှုအချို့ဖြစ် ပေါ်ခဲ့၍ ၎င်းတို့မကျန်ရစ်ရန်  ဆောင်ရွက်နေကြောင်း ယင်းမြို့ နယ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ဖြူဖြူ ခိုင်က ပြောသည်။

‘‘တချို့နေရာတွေမှာ အိမ် ရှင်တွေက စလစ်ပြားရပြီး အိမ် ငှားတွေက မရကြတဲ့ အခက်အ ခဲရှိတယ်။ အဲဒီအတွက် အုပ်ချုပ် ရေးမှူးတွေနဲ့ ညှိပြီး အိမ်ငှားတွေ မကျန်ရစ်အောင် လုပ်နေတယ်’’ ဟု ဒေါက်တာဖြူဖြူခိုင်ကပြော သည်။

အစိုးရသစ်လက်ထက်တွင်ကျူးကျော်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်ကို ပြီးခဲ့သည့် စက်တင် ဘာက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ရှေ့ပြေးစီမံချက်အဖြစ် စတင်ခဲ့ပြီး ဒုတိယမြောက်အဖြစ်ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ရှိ ကျူးကျော်များကို စာရင်း ကောက်ယူရာတွင် မူလထက် ကျူးကျော်အရေအတွက်ပိုမိုတိုး ပွားလာမှုဖြစ်ပေါ်ခဲ့ပြီး လက်ရှိ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တွင် အရေအတွက်တိုးလာ ကြောင်း စာရင်းကောက်ယူရာ၌ ပါဝင်သူများထံမှသိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ ကျူးကျော်နေထိုင်သူများ ကို စာရင်းကောက်ယူရာတွင် အဖွဲ့သုံးခုခွဲကာ ကွန်ပျူတာဖြင့် စာရင်းသွင်းခြင်း၊ သက်သေခံ ကတ်ပြားထုတ်ပေးခြင်းစသည့် လုပ်ငန်းများ လုပ်ဆောင်ပေးနေ ပြီး ၂၀၁၇ ဇန်နဝါရီအထိ ကြာမြင့်နိုင်ကြောင်း ဒေါက်တာဖြူဖြူ ခိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့သည် သက်သေခံကတ် ပြားထုတ်ပေးသည့် ကျူးကျော် စာရင်းကောက်ယူမှုကို လှိုင်သာ ယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊ ဒလစသည့်မြို့ နယ်များတွင် ဆက်လက်လုပ် ဆောင်ရန် စီစဉ်ထားသည်။

သို့ရာတွင် ကျူးကျော်နေ ထိုင်သူများသည် စာရင်းပေးသွင်း ရုံဖြင့် နေစရာမြေကွက်နှင့် အခန်း ရရှိမည်မဟုတ်ဘဲ အလုပ်လုပ်မှ သာ နေစရာအတွက် စီမံပေးနိုင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသိပေးထားသည်။

Source: 7Daily

Facebook comments