ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရွာမြေကွက်အများစု အရောင်းအ၀ယ် ပြန်လည်အေးနေ

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရွာမြေကွက်အများစု အရောင်းအ၀ယ် ပြန်လည်အေးနေ

 

မြေကွက်အရောင်းခေါ်ဆိုမှုများ အများအပြားရှိနေသည့် ပြင်ဦးလွင်မြို့နယ်

အတွင်းရွာမြေကွက်အရောင်းများ လတ်တလောအခြေအနေတွင် အရောင်း

အ၀ယ်ပြန်လည်အေးသည့် အခြေအနေရှိနေကြောင်း ဒေသခံအိမ်ခြံမြေ 

အကျိုးဆောင်များအား လေ့လာစုံစမ်းချက်များအရ သိရသည်။

 

နေရာကောင်း လမ်းသာသည့် ရွာမြေ အရောင်းအ၀ယ် အနည်းအကျဉ်းဖြစ်ပြီး

လူနေများ၍ လမ်းဆက်သွယ်ရေးနှင့် စီးပွားရေးအတန်အသင့်ကောင်းသော

ရွာမြေများမှာ ဈေးတတ်လာခြင်းနှင့် ဈေးပိုမိုခေါ်ခြင်းများကြောင့် အ၀ယ်အေး

နေကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ ပြောကြားသည်။

 

မန္တလေး - လားရှိုးလမ်းမနှင့် ပြင်ဦးလွင် - ကျောက်ဆည်လမ်းသစ်များအနီးရှိ

ပြင်စာကျေးရွာ၌လည်း မြေကွက်အရောင်းခေါ်ဆိုမှုများ အများအပြားတွေ့ရ

သော်လည်း စုံစမ်းမေးမြန်းမှုများသာရှိပြီး အရောင်းအ၀ယ် နည်းပါးနေသေး

ကြောင်း သိရသည်။

 

ခုလတ်တလော အရောင်းအေးနေတယ် ၀ယ်လက်တွေအနေနဲ့ကတော့ ဈေး

တန်တာလေးတွေပဲ စိတ်ဝင်စားကြတာပေါ့ လာကြည့်တာတွေတော့ ရှိပါတယ်

နေရာကောင်းရင်တော့ ဈေးပိုခေါ်ကြမှာပေါ့ ဈေးသက်သာတဲ့ နေရာတွေကျတော့

လည်း သွားရေးလာရေး ရေ၊မီး စသဖြင့် စိတ်တိုင်းကျ ဖြစ်ချင်မှ ဖြစ်မယ်လေ

တချို့ရွာတွေက ထုံးစံအတိုင်း အတွင်းဘက်တွေဆို ဈေးသက်သာတယ် လမ်းမ

တန်းတွေကျတော့ လူပိုပြီးစိတ်ဝင်စားပေမယ့် လမ်းမတန်းဆိုတော့ ကြိုက်ဈေး

ဈေးပိုခေါ်ကြတယ်  ဥပမာ ရတနာပုံဆိုက်ဘာစီးတီးနဲ့နီးတဲ့ သုံးတောင်ရွာဘက်

ဆိုရင် လမ်းမဘေးဆိုရင် သိန်းထောင်ကျော်တွေ ခေါ်ကြတာတွေ ရှိလာတယ်

သိန်း ၂ ထောင် ၃ ထောင်ဆို ပြင်ဦးလွင်ဘက်ပဲ တတ်နေကြမှာပေါ့ အဲဒီတော့ 

ဝယ်လက်တွေအနေနဲ့ ချင့်ချင်လာရတာတွေလည်း ရှိတာပေါ့ မြေပိုင်တွေအနေ

နဲ့ကတော့ တချို့လည်းငွေပေါ်ချင်လို့ ဈေးချပေးတာတွေလည်း ရှိပါတယ် အ၀ယ်

လိုက်ချင်ရင်တော့ ဈေးချပေးရမယ် နေရာကောင်းလမ်းကောင်းတာကြောင့် ဈေး

ပိုရချင်ရင်တော့ ဈေးကွက်ပိုကောင်းလာတဲ့အခါ အရောင်းအ၀ယ်ပြန်ဖြစ်လာမှာပါ” 

ဟု ပြင်ဦးလွင်ဒေသခံ ကောင်းကင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မနီလာက 

ပြောကြားသည်။

 

ပြင်ဦးလွင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် နေရာအသင့်အတင့်

ကောင်းမွန်သော ရွာမြေများမှာ လတ်တလောအခြေအနေတွင် ၀ယ်လက်

အေးနေသော်လည်း ဈေးကျခြင်းမရှိပဲ ပိုမိုဈေးကောင်းလာနိုင်သည့် အခြေအနေ

ဖြစ်လာနိုင်သည့် မှန်းဆမှုများကို တွေ့ရပြီး မြေပိုင်များအနေဖြင့် ဆက်လက်

အောင်းထားလျှင် ပိုမိုအကျိုးရှိနိုင်ကြောင်း ဒေသခံ အိမ်ခြံမြေဈေးကွက် ကျွမ်း

ကျင်သူများက သုံးသပ်လျက်ရှိသည်။

 

Property Media Team

www.Property.com.mm

 

Facebook comments