မြို့သစ်စီမံကိန်းတွေမှာ မြေဈေးမကစားဖို့ လုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လာမယ့် ၂၀၁၇ကစပြီး မြို့သစ်စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူး စီးပွားရေးဇုန်တွေနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတွေ တည်ဆောက်မှာဖြစ်လို့ မြေကိုယူ ပြီး အခန်းတည်ဆောက်တာတွေနဲ့ ပတ်သတ်ပြီး စွန့်စားမှုမလုပ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားပါတယ်။

သည်လဆန်းပိုင်းက ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်တဲ့ စီမံ ကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ 
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာပါ။

ဦးဖြိုးမင်းသိန်းက “မြေနဲ့ပတ်သတ်တဲ့ အခြေအနေတစ်ခုပါ၊ ရန်ကုန်မှာ မြေတန်ဖိုးကြီးမြင့်ပါတယ်၊ မြေကိုယူပြီး တော့ အခန်းတည်ဆောက်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စွန့်စားမှုလုပ်တာကိုတော့ တတ်နိုင်သလောက် ရှောင်ပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တယ်” လို့ ပြောပါတယ်။

မြေကိုယူပြီး အခန်းတည်ဆောက်တဲ့ လုပ်ငန်းတွေကို မြေဈေးမကစားဖို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၇ ခုနှစ်မှာ စီမံကိန်းတွေ စတင်မှာ ဖြစ်ပါတယ်။
မြို့သစ်စီမံကိန်းကိုတော့ ကြည့်မြင်တိုင် 
တစ်ဖက်ကမ်းမှာ ဖော်ဆောင်မှာဖြစ်ပြီး သည်စီမံကိန်းက ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်နေတဲ့ သည်စီမံကိန်းကပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ဆောင်ရွက် နေတဲ့ စီမံကိန်းဖြစ်ပါ
တယ်။ သည်စီမံကိန်းက ကြည့်မြင်တိုင်မြို့နယ်(တစ်ဖက်ကမ်း)၊ ဆိပ်ကြီးခနောင်တိုမြို့နယ် သုံးခွမြို့တို့မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အရှေ့၊ အနောက်၊ တောင် နဲ့ မြောက်တို့မှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့်အိမ်ရာတွေ တည်ဆောက်မှာဖြစ်ပါတယ်။သည်စီမံကိန်း တည်ဆောက်ဖို့ သည်မှာရှိတဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူမယ်လို့ သိရပါတယ်။


Source: The Modern

Facebook comments