အဆောက်အအုံပါ မြေကွက်ကျယ်တွေ နှစ်ရှည်ငှားရမ်းမှု အလုပ်ဖြစ်နေ

အခုရက်ပိုင်းအတွင်း မန္တလေး အိမ်ခြံမြေဈေးကွက်မှာ အဆောက်အအုံပါတဲ့ မြေကွက်ကျယ်တွေကို နှစ်ရှည်ငှားရမ်းတာတွေ အလုပ်ဖြစ်နေပါတယ်။

ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ၀ဏ္ဏစိုးက လက်ရှိကပွင့်လင်းရာသီရောက် နေပြီ၊ နောက်လုပ်ငန်းတွေကလဲ မဖြစ်မနေလုပ်ရတော့မှာဆိုတော့
မြေကွက်ကျယ်တွေ အငှားလိုက်လာတာပေါ့လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပစ္စည်းသိုလှောင်ဖို့၊ ကားပြခန်းတွေ ဖွင့်ဖို့နဲ့ ပုဂ္ဂလိကကျောင်းတွေကဖွင့် လှစ်လုပ်ကိုင်ဖို့ ငှားကြတာပိုများတယ်လို့ဆိုပါတယ်။အဆောက်အအုံပါ
မြေကွက်ကျယ်တွေကို ပြည်တွင်းက ငှားရမ်းလုပ်ကိုင်သူပိုများနေတာ ဖြစ်ပြီး ပြည်ပနိုင်ငံက ငှားရမ်းလုပ်ကိုင်နေတာကအနည်းငယ်သာရှိတယ်လို့သိရပါတယ်။
အဆောက်အအုံပါ မြေကွက်ကျယ်ငှားရမ်းခဈေးနှုန်းတွေမှာ ပေ ၄၀ x ပေ ၆၀ ကျယ်တဲ့ မြေကွက်တစ်ကွက်ကို ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ကြား ဈေးရှိပြီး 
တစ်ဧက၊ နှစ်ဧက ကျယ်တဲ့နေရာတွေကတော့ ကျပ်သိန်း ၅၀နဲ့ သိန်း၁၀ဝ ကြားဈေးရှိတယ်လို့သိရပါတယ်။

အခုလို မြေကွက်ကျယ်တွေဟာ ရဲမွန်တောင်၊ စက်မှုနဲ့ ကျွဲဆည်ကန်တို့မှာအများဆုံးရှိ တာဖြစ်ပြီး ငှားရမ်းတဲ့အခါမှာလည်း ၁၀ နှစ်ကျော်ကြာ နှစ်ရှည်ငှားရမ်းတာတွေ
များတယ်။ နေရာအနေအထားနဲ့ အဆောက်အအုံအတွင်းမှာ ပါဝင်တဲ့ပစ္စည်းအပေါ်မှာလည်းမူ တည်ပြီး ဈေးနှုန်းကွာဟချက်ရှိနေတာပါ။

Source: Kumudra

Facebook comments