မန ္တလေးအိမ်ခြံမြေဈေးကွက် ဝယ်လက်များအတွက် အချိန်အခါကောင်းဖြစ်နေ
အထက်မြန်မာပြည် ပြင်ဦးလွင်မြို့နယ်အတွင်း မြေကွက်များနှင့် လုံးချင်း
များအရောင်းခေါ်ဆိုမှုများပြား၍ မြန်မာပြည်တွင်း အိမ်ခြံမြေဈေးကွက်
အားဖြင့်ကြည့်လျှင် အရောင်းအဝယ်ဈေးကွက်ဖွံ့ဖြိုးမှု ကောင်းမွန်လျက်
ရှိသည့်နည်းတူ မန ္တလေးမြို့တွင်း၌လည်း ယခုလပိုင်းများအတွင်း လုံးချင်း
နှင့် မြေကွက်အရောင်းများ များပြားနေကြောင်း Property.com.mm
သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်းသိရှိရသည်။
အထူးသဖြင့် သိန်း ၃၅၀ မှ ၄၀၀ ပတ်ဝန်းကျင် လုံးချင်းနှင့် မြေကွက်များ
အရောင်းခေါ်ဆိုမှုများ ပိုမိုတွေ့ရပြီး သိန်းထောင်ကျော်ဈေးခေါ်ဆိုသည့်
အိမ်အရောင်းများလည်း ညှိုနှိုင်းဈေးဖြင့် အရောင်းအဝယ်ဖြစ်သည်များ
ရှိသည်ဟု မန ္တလေးဒေသခံ အိမ်ခြံမြေအကျိုးဆောင်များမှ ပြောကြား
ချက်များအရ သိရသည်။
“အိမ်ခြံမြေဈေးကွက် အေးနေတဲ့အချိန်မှာ တဘက်ကလည်း ငွေပေါ်ချင်
ရောင်းချင်တဲ့ အိမ်ပိုင်တွေအနေနဲ့က ပိုရောင်းထွက်ချင်ကြတာပေ့ါ
သိန်း သုံးရာကျော် လေးရာပတ်ဝန်းကျင် အိမ်၊ မြေကွက်တွေ အရောင်း
ခေါ်ကြတယ် ဈေးကောင်းတဲ့ အရောင်းခေါ်ဆိုမှုတွေလည်း ရှိကြပါတယ်
ခေါ်ဆိုဈေးဆိုပေမယ့် ရောင်းသူဝယ်သူ ညှိုနှိုင်းပြီး ဖြစ်သွားကြတာပဲ
ဒီတပတ်ထဲမှာပဲ သိန်း ၈၅၀ လုံးချင်းအရောင်းခေါ်ထားတဲ့ အိမ်တစ်လုံး
အရောင်းဖြစ်တာမှာ သိန်း ၆၅၀ နဲ့ ဖြစ်သွားတယ် သိန်း ၁၂၀၀ လုံးချင်း
အရောင်းတစ်ခုလည်း ၉၀၀ နဲ့ ဖြစ်သွားတယ် မနေ့ကပဲပေ့ါ ဈေးကွက်
အခြေအနေက အေးတာလည်း သူ့ဟာနဲ့သူ အရောင်းအဝယ်ဖြစ်နေတာ
တွေရှိပါတယ် ပုသိမ်ကြီးဘက်တွေလည်း မြေကွက်တွေ ဈေးခေါ်တာပဲ
သိန်း နှစ်ရာ၊ နှစ်ရာ့ငါ့ဆယ် စသဖြင့် နေရာနဲ့ အကျယ်အဝန်းအလိုက်ပေ့ါ
အရောင်းတွေများတယ် ခုချိန်မှာ သုံးသပ်ရတာကတော့ ဝယ်လက်တွေ
အတွက် အချိန်ခါကောင်းတစ်ခု အနေနဲ့ ပြောလို့ရပါတယ် ဝယ်လိုအား
ကတော့ နည်းနေသေးတယ် ရောင်းအားများနေတဲ့အချိန်ဆိုတော့
ဘာပဲဖြစ်ဖြစ် ဈေးတန်တာလေးတွေ ဝယ်လို့ရနိုင်တဲ့ အချိန်လို့ ပြောချင်
ပါတယ်” ဟု ချမ်းမြသာစည် မြို့နယ်ရှိ ထိန်လင်း အိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်းမှ ကိုထိန်လင်းအောင်က ပြောကြားသည်။
Property Media Team
www.Property.com.mm