လုံးချင်းတိုက်ခန်းအရောင်းများတွင် ညှိုနှိုင်းဈေးဖြင့် အရောင်းခေါ်ဆိုမှုများ
ပိုတွေ့ရလာ
ရန်ကုန်တိုင်းမြို့နယ်များအတွင်း လုံးချင်းနှင့် တိုက်ခန်းအရောင်းများတွင်
ခေါ်ဆိုဈေးသတ်မှတ်ချက် တသမတ်တည်း ခေါ်ဆိုမှုများထက် ညှိုနှိုင်းဈေးဖြင့်
အရောင်းခေါ်ဆိုမှုများအား ယခုလပိုင်းများအတွင်း ပိုမိုတွေ့ရကြောင်း အိမ်ခြံ
မြေအကျိုးဆောင်များမှ ပြောကြားချက်အရ သိရသည်။
အိမ်ပိုင်၊ အခန်းပိုင်အများစုအနေဖြင့် အိမ်ခန်းများ ဝယ်ယူရာတွင် ရင်းနှီးမြှုပ်နှံ
မှုအနေအားဖြင့် ဝယ်ယူထားခြင်းများက များပြားသည့်အတွက် ပြန်လည်ရောင်း
ချရ ခက်နေသည့် ကာလများအတွင်း ခေါ်ဆိုဈေးနှုန်း လျော့ပေါ့ရောင်းလိုလာ
ကြသည်ဟု ဆိုသည်။
“အိမ်ခန်းအငှားဖြစ်တာ ၁ လကျော်ပါပြီ ကွန်ဒိုခန်းကျယ်ပေ့ါ အရင်ကတော့ ၁၈
သိန်းနဲ့ အငှားခေါ်တာပါ အငှားဖြစ်မလား စောင့်ရင်းနဲ့ လေးငါးလကြာသွားတော့
အန်တီတို့လည်း ငွေမပေါ်ဘူး အဲဒါနဲ့ ဈေးလျော့ခေါ်လိုက်တယ် ခေါ်တာကတော့
၁၆ သိန်းပါ အိမ်ငှားတွေကလည်း လူရည်သန့်တွေ ပြောဆိုဆက်ဆံရေးလည်း
ကောင်းတော့ သူတို့လည်း အဆင်ပြေ ကိုယ်လည်း လစဉ်ပုံမှန်ဝင်ငွေရတာပဲဆိုပြီး
ညှိုနှိုင်းရင်း ၁၅ သိန်းနဲ့ စာချုပ်ချုပ်ဖြစ်လိုက်တယ်” ဟု မရမ်းကုန်းမြို့နယ်ရှိ အိမ်
ငှားရမ်းထားသူ အိမ်ရှင်တစ်ဦးမှ ပြောကြားသည်။
“အိမ်ကို အငှားချထားသူတွေ မေးကြည့်တဲ့အခါမှာလည်း ရောင်းချင်သူတွေများ
ကြပါတယ် တချို့ကြတော့လည်း မူလ ဝယ်ထားတဲ့ဈေးတွေက များတော့ ရောင်း
ချင်ပေမယ့် ရောင်းဖို့တွန့်နေကြသူတွေ ဈေးကောင်းရနိုင်မယ့် အခြေအနေစောင့်
ကြည့်နေကြတာမျိုးတွေလည်း တွေ့ရတယ် မရောင်းချင်သေးတဲ့သူတွေကတော့
ငှားဖို့ကိုပဲ အားပြုကြတာပေ့ါ ပိုက်ဆံတတ်နိုင်တဲ့လူတွေကလောက်ကသာ မရောင်း
ကြတာရှိမယ် ရင်းနှီးမှုအတွက် ဝယ်ထားကြတဲ့သူတွေကတော့ ရောင်းချင်ကြတာ
ချည်းပဲ ဝယ်ဈေးကို ကာမိအောင် အိမ်ပိုင်တွေကလည်း အငှားတင်ထားချင်တာတွေ
များလာတာပေ့ါ တိုက်ခန်းတွေလည်း ဒီလိုပဲ ငှားချင်တဲ့ အခန်းရှင်တွေများတယ်
အရောင်းအဝယ်ဈေးကွက် အနေနဲ့ကတော့ နဂိုအရင်ခေါ်ဆိုဈေးတွေထက် လျော့
ခေါ်လာတာမျိုးတွေ တချို့ကျတော့လည်းပမာဏတစ်ခုဖော်ပြထားပြီး ညှိုနှိုင်းဈေး
အနေနဲ့ အရောင်းခေါ်လာကြတာတွေ ပိုတွေ့ရပါတယ် ခုနောက်ပိုင်း လုံးချင်းအငှား
တွေဆိုရင်လည်း တော်တော်လေး ဈေးတန်တဲ့အငှားခေါ်ဆိုတာတွေ တွေ့ရတယ်
အငှားလည်းပိုဖြစ်ပါတယ်” ဟု Estate Myanmar Enterprise Real Estate
Agency အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ Sale Executive တာဝန်ခံ မရိုဇာက
ပြောကြားသည်။
Property Media Team
www.Property.com.mm