ရင်းဌာနတွေမှာ စစ်ဆေးပြီးမှလက်ခံတာ များတယ်လို့သိရပါတယ်။ သည်လိုအပေါင်ဈေးကွက်ထဲမှာ တိုက်ခန်းအပေါင်တွေလည်းပါဝင်ပြီး တိုက်ခန်းအပေါင်ကိုတော့ တကယ့်ဈေးကွက်ထက် ငါးဆလောက်ဈေးနှိမ်ပြီး အပေါင်ပေးတာတွေရှိပါတယ်။အပေါင်ဈေးကွက် အများစုမှာဘဏ်ထက် အပြင်ဈေးကွက်ကိုစိတ်ဝင်စားမှုများပြီး အပေါင်ဈေးကွက်အတွက် ဘဏ်အပေါင်မှာတော့ နာမည်ကြီးဘဏ်တွေထက် အစိုးရနဲ့ ဆက်စပ်တဲ့ ဘဏ်တွေမှာအပေါင် လက်ခံကြတာများ ပါတယ်။ အစိုးရအပေါင်အများစုက ဈေးနှုန်းအရ အတိုးနှုန်းသက်သာပေမဲ့ အနည်းဆုံးအချိန်သုံးလလောက်ပေးပြီးစစ်ဆေး မှုတွေများတာကြောင့် အမှန်တကယ်ငွေကြေးလိုအပ်သူတွေအနေနဲ့ အပြင်ဘက်ကအပေါင်ခံသူတွေကို သာအားထားကြတာဖြစ်ပါတယ်။
လက်ရှိ အပေါင်ဈေးကွက်ကတော့ သိန်း ၅၀ဝ တန် မြေကွက်တွေကို သိန်း ၁၀ဝ ကျော်လောက်ဈေးဖြတ်ပြီး သိန်း ၁၀ဝ အောက် မြေကွက်တွေကိုတော့ သိန်း ၂၀ လောက်နဲ့ ဈေးဖြတ်တာတွေ ရှိတယ်လို့ သိရပါတယ်။ အတိုးနှုန်းတွေကတော့အစားစားရှိပြီး အများစုကတော့ ငါးကျပ်နဲ့ရှစ် ကျပ်ကြားယူတာများတယ်လို့လည်း သိရပါတယ်။
Source: Kumudra