အစိုးရသစ်တက်ပြီး နောက်ပိုင်း ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို နိုဝင်ဘာဒုတိယပတ်တွင် ပြန် လည်ခွင့်ပြုပေးမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။
မြေပြင်လုပ်ငန်းများ စတင် နေသည့် အထပ်မြင့်စီမံကိန်း ၅၅ လုံး၊ မြေပြင်လုပ်ငန်းများပင် မစတင်ရသေးသည့် အထပ်မြင့် စီမံကိန်း ၁၃၀ ကျော်အပါအဝင် အခြားအဆောက်အအုံများအား လုံးကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည် ခွင့်ပြုပေးမည်ဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိက ပြောသည်။
ပြန်လည်ခွင့်ပြုပေးရာတွင် လက်ရှိ တည်ဆဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးမည် ဟု ဆိုသည်။
အားလုံးကို ပြန်လည်ခွင့်ပြု ပေးလိုက်ပြီဖြစ်သော်လည်း ရှစ် ထပ်နှင့်အထက် တည်ဆောက် မည့် အထပ်မြင့်အဆောက်အအုံ ၁၀ လုံးကိုမူ ခွင့်ပြုဦးမည်မဟုတ်ဘဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်များဖြင့် ပြန်လည်ညှိနှိုင်းရန် ရှိနေကြောင်း သိရသည်။
ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ်တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အဆောက် အအုံများနှင့် ဆောက်လုပ်ဆဲများ ကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယခု ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများကို လက်ရှိကျင့်သုံး နေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုပေး မည်ဟု သိရသည်။
‘‘ကျွန်တော်တို့ဆီ ဘာအ ကြောင်းကြားစာမှတော့ မရသေး ဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်တွေနဲ့ လာမယ့်တစ်ပတ်ကို စည်ပင်မှာ ခေါ်တွေ့ဖို့တော့ရှိတယ်။ အားလုံးကို အရင်မူအတိုင်း ပြန်ပြီးခွင့်ပြု ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဘာပြောစရာလိုမှာလဲ’’ ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။
အသစ်တည်ဆောက်ရန် ထပ်မံတင်ပြလာသည့် လေးထပ် ခွဲနှင့်အထက် အထပ်မြင့်စီမံကိန်း များ လက်ခံခြင်းကို ရပ်ဆိုင်းထား ရာမှ နိုဝင်ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အ အုံဌာနမှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင် အသစ်ထပ်မံ တည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ဌာန၌ အမှုတွဲအသစ် (ဆောက်လုပ် ခွင့် လျှောက်ထားခြင်း)တင်ပြခြင်း ကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန် လည်တင်ပြနိုင်ပြီဖြစ်သည်။
Source : 7Day Daily