ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆင့်မြင့်အိမ်ရာတချို့ရဲ့ ပြီးစီးမှုအခြေအနေ
ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်းအထည်ဖော်နေတဲ့ အဆင့်မြင့်အိမ်ရာတွေရဲ့ ပြီးစီးမှုအခြေအနေတချို့ ဖြစ်ပါတယ်။ ရွှေမိုးကောင်းကွန်ဒိုရွှေမိုးကောင်းကွန်ဒိုကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲက Great Master ဆောက်လုပ်ရေးတို့က အကျိုးတူပူးပေါင်းဆောက်လုပ်တာ ဖြစ်ပါတယ်။စီမံကိန်းအတွင်းမှာတော့ လူနေအိမ်ခန်းပေါင်း ၃၄၄ခန်းပါဝင်ပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၁၄၅ခန်း နဲ့ အကျိုးတူတည်ဆောက်တဲ့ကုမ္ပဏီက ၁၉၀ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။လက်ရှိဆောက်လုပ်အကောင်အထည်ဖော်မှုတွေကတော့ ၈၀ရာခိုင်နှုန်းဖြစ်ပြီး မိုးကောင်းလမ်းနဲ့အောင်ဇေယျာ လမ်းကြာမှာ ဆောက်လုပ်အကောင်းအထည်းဖော်နေတာဖြစ်ပါတယ်။ရေကျော် complexရေကျော် complex စီမံကိန်းကတော့ ယခင် ရေကျော် ဈေးဟောင်းနေရာကို ပြန်လည်အဆင့်မြှင့်တင်ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။အဆိုပါစီမံကိန်းကို အောင်မြင်ပြည့်စုံဆောက်လုပ်ရေးက တည်ဆောက်လျက်ရှိပြီး လက်ရှိမှာ အကြမ်းထည်းတည်ဆောက်မှုအားလုံးပြီးစီးနေပြီဖြစ်ပါတယ်။Source: The Modern
Facebook comments