တောင်ငူမြို့ အဆောင်ငှားရမ်းမှု ဈေးကွက်နှစ်စဉ်တိုးတက်ကောင်းမွန်

တောင်ငူမြို့ အဆောင်ငှားရမ်းမှု ဈေးကွက်နှစ်စဉ်တိုးတက်ကောင်းမွန်

 

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်မြို့တစ်မြို့ဖြစ်သော တောင်ငူမြို့၌

အဆောင်ငှားရမ်းမှု ဈေးကွက်များ ပိုမိုကောင်းမွန်နေပြီး အဆောင်

ဖွင့်လှစ်သူများလည်း များပြားလာကြောင်း သိရသည်။ တောင်ငူမြို့ပေါ်ရှိ

အခြေခံပညာကျောင်းများသို့ တတ်ရောက်သင်ယူကြသည် တောင်ငူ

ခရိုင်အတွင်း မြို့ရွာများမှ ကျောင်းသူကျောင်းသားများနှင့် အဆင့်မြင့်

ပညာတက္ကသိုလ်များသို့ တတ်ရောက်ကြသည့် ကျောင်းသူကျောင်းသား

များပါ များပြားခြင်းကြောင့် အဆောင်ငှားရမ်းမှုဈေးကွက်များနှင့် 

အဆောင် ဖွင့်လှစ်မှုများနှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။ 

 

ကျွန်တော်က အခုတောင်ငူကန်တော်ကြီး မြောက်ဘက်မိုးသောက်ကြယ်

ဘုရားနားမှ ငှားနေတာပါ အဆောင်ငှားရမ်းခကတော့ တောင်ငူမြို့ပေါ်မှာ

ပျမ်းမျှအားဖြင့် တစ်သောင်းခွဲဝန်းကျင် ရှိပါတယ် မြို့ထဲနဲ့အလှမ်းဝေးတဲ့

ရပ်ကွက်တချို့ နည်းနည်းချောင်ကျတဲ့နေရာဆိုရင်ဆိုတော့ ၁ သောင်း

ဝန်းကျင်လောက်နဲ့ ငှားနေလို့ရတာတွေလည်း ရှိတယ် များသောအားဖြင့်

တော့ ကျောင်းသားတွေအများစုက မြို့ထဲမှာနေကြပါတယ် အဝေးသင်

ရာသီတွေဆို ပိုဖြစ်တာပေါ့  တောင်ငူမြောက်ဘက် ရန်ကုန် - မန္တလေး

လမ်းဟောင်းပေါ်က ကန်ရိုးရွာဘက်လည်း အဆောင်တွေပေါတယ် 

အစိုးရနည်းပညာကောလိပ်နဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက အဲဒီဘက်

ရှိတော့ အဆောင်နေတွေလည်းများကြတယ် ဈေးကတော့ အတူတူ

လောက်ပါပဲ တစ်သောင်းခွဲပေါ့ အခန်းကောင်းကောင်း တိုက်သစ်လိုမျိုး

တွေဆိုရင်တော့ နည်းနည်းပိုပေးရမယ်ထင်ပါတယ် တောင်ငူမှာက

အဆောင်ငှားရမ်းနေထိုင်ကြတာတွေက အဓိကကတော့ ကျောင်းသား

တွေကြောင့်ပါ တစ်နှစ်ထက်တစ်နှစ် ပိုပြီးစည်လာသလို ရှိပါတယ် ဟု

တောင်ငူတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောကြားသည်။

 

ကျောင်းသားမိဘဆိုတော့ ကျွန်မအနေနဲ့ စည်းကမ်းကောင်းတဲ့အဆောင်

တွေကို ပိုသဘောကျပါတယ် နာမည်ရတဲ့အဆောင်တွေဆိုရင်တော့ ၁၆၀၀၀ 

လောက်ပေးရပါတယ် ဘာပဲဖြစ်ဖြစ်ကိုယ့်သားသမီးကို စိတ်ချလက်ချ ကိုယ့်

အိမ်လိုပဲ အုပ်ထိန်းမှုပေးနိုင်မယ့်အဆောင်တွေကို ပိုသဘောကျတာပေါ့ 

ခုခေတ်ကလေးတွေကလည်း ဒီတိုင်း သူတို့သဘောအတိုင်း လွှတ်ထား

တာထက်စာရင် ကိုယ်တိုင်ကိုယ်ကျ အဆောင်အပ်နှံတာကအစ လိုက်ကြည့်

ပြီးသင့်တော်တဲ့အဆောင်ထားပေးရတာပေါ့ တောင်ငူက ဆိုင်ကယ်တွေ

များတော့ ဆိုင်ကယ်စီးတာတွေလည်း သတိထားစီးဖို့ နေ့တိုင်းမှာရတယ်ဟု

တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

 

 

 

 

 

 

အဆောင်ငှားရမ်းတဲ့ဈေးကွက်က လွန်ခဲ့တဲ့ ၁၀နှစ် ၁၅ နှစ်လောက်

တတည်းက ဈေးကွက်ကောင်းတယ်ဗျ တောင်ငူတက္ကသိုလ်ဖွင့်ပြီး

နောက်ပိုင်းမှာ ပိုကောင်းလာတယ် အထူးသဖြင့် ၂၀၀၀ ခုနှစ်ဝန်းကျင်

လောက်ကစပြီး အဆောင်တွေလည်းများလာပါတယ် အဲဒီတုန်းကတော့

အဆောင်ခ လေးထောင်၊ ငါးထောင်လောက်ပါပဲ ခုကတော့ ၁ သောင်းခွဲ

လောက်ပေါ့ ၁၀ နှစ်ကျော်ကာလဆိုတော့ ဒီလောက်တော့ တတ်မှာပဲ

အဆောင်အများစု ကောင်းကြပါတယ် ရေမီးအစုံပေါ့ နီးစပ်ရာထမင်းဆိုင်

လေးတွေကလည်း ဈေးသက်သာပါတယ် ကျောင်းသူကျောင်းသားတွေ

အဆင်ပြေအောင်လည်း လုပ်ပေးမှ သူတို့ကနေတဆင့် နောက်နောက်

အသစ်တွေ လာနေကြတော့ ကျွန်တော်တို့လည်း အကျိုးရှိပါတယ် ဟိုတယ်

မိုတယ် တည်းခိုခန်းတွေလည်းပေါတယ် ခုလိုရာသီလိုမျိုး တန်ဆောင်တိုင်

ကာလတွေဆို ပိုအလုပ်ဖြစ်ကြတယ် ဇန်န၀ါရီနှစ်ဆန်းပိုင်း လွတ်လပ်ရေးပွဲ

တန်ဆောင်မုန်းပွဲနဲ့ ကဆုန်ပွဲတွေဆိုရင် ပိုအလုပ်ဖြစ်ကြပါတယ် ဟု

အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

တောင်ငူမြို့ အိမ်ခြံမြေဈေးကွက်အနေအားဖြင့် အရောင်းအ၀ယ်ဈေးကွက်

မရှိသလောက်နည်းပါးသော်လည်း အရောင်းအ၀ယ် ကုန်သွယ်စီးပွားဖွံ့ဖြိုး

သောကြောင့် အငှားခေါ်ဆိုမှုများသာ တွေ့ရတတ်ပြီး မြေကွက်အရောင်း

ခေါ်ဆိုမှုနှင့် လုံးချင်းအငှားအချို့အနေဖြင့် တောင်ငူမြို့နှင့် ခပေါင်းတံတားကြား

ရှိ မင်းကြီးညိုရပ် ဘက်၌ တွေ့ရတတ်ပြီး တောင်ငူမြို့၏ အဓိကအိမ်ခြံမြေ

ဈေးကွက်အနေဖြင့် အဆောင်ငှားရမ်းမှုလုပ်ငန်း အဓိကဖွံ့ဖြိုးကောင်းမွန်

သည်ကို တွေ့ရသည်။

 

Property Media Team

www.Property.com.mm

Facebook comments