တန်ဖိုးနည်းအိမ်ရာများ ထပ်မံဖော်ဆောင်ပေးဖို့ မန္တလေးဒေသခံများမျှော်လင့်

 

တန်ဖိုးနည်းအိမ်ရာများ ထပ်မံဖော်ဆောင်ပေးဖို့ မန္တလေးဒေသခံများမျှော်လင့်

 

ယခု နိုဝင်ဘာလအတွင်းတွင် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြရည်

နန္ဒာ တန်ဖိုးနည်းစီမံကိန်းရှိ အိမ်ရာတိုက်ခန်း ၅၆၀ ခန့်အား ၀ယ်ယူခွင့်အတွက်

လျှောက်လွှာများ စတင်ရောင်းချပေးတော့မည် ဖြစ်ရာ လျှောက်လွှာများကို

စိစစ်လက်ခံပေးပြီး ၂၀၁၇ ဇန်န၀ါရီလအတွင်း မဲနှိုက်ရောင်းချပေးသွားမည်ဟု

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြောကြားချက်အရ

သိရသည်။

 

“ကျွန်တော်တို့က ချမ်းမြသာစည်ထဲ ငှားနေကြတာပါ အလုပ်ကတော့ အိမ်ခြံမြေ

အကျိုးဆောင်လည်းလုပ်တယ် တခြား ဆိုင်ကယ်ဝယ်ရောင်းအလုပ်လည်း

အလျင်းသင့်သလို လုပ်ပါတယ် စားဝတ်နေရေးအတွက်မိသားစုထဲက ၀န်ထမ်း

ဆိုလည်း ၀န်ထမ်း၊ ပြင်ပကုမ္ပဏီအလုပ်လည်း လုပ်ကြတာပေါ့ စားရေးဝတ်ရေး 

အသင့်အတင်မပူရပေမယ့်လည်း နေရေးအတွက်ကတော့ ကိုယ်ပိုင်မဟုတ်တော့ 

အိမ်ခန်းလေးတစ်ခုတော့ လိုချင်တာပေါ့ငှားနေစရိတ်က ကျန်တဲ့ စားရေးသောက်

ရေးတွေမှာ ချွေတာရတဲ့ အနေအထားတွေ ရှိတယ်လေ ကိုယ့်လိုပဲ တော်တော်

များများ အခန်းငှား အိမ်ငှားဘ၀နဲ့ရပ်တည်နေကြတာတွေ အများကြီးပါ မြို့ထဲ

တွေဆိုတာက သိတဲ့အတိုင်းအိမ်လုံးချင်းဆိုတာ တော်ရုံငွေကြေးနဲ့လည်း ကပ်လို့

မရနိုင် တိုက်ခန်းတွေဆိုတာကလည်း ငွေအလုံးအရင်းနဲ့ ၀ယ်ဖို့ဆိုတာ ကျွန်တော်

တို့လို သာမန်ဝင်ငွေ သာမန်မိသားစုတွေအဖို့ မလွယ်လှတဲ့ အခြေအနေပါ 

ဒါကြောင့်အိမ်ရာတွေကို အစိုးရက တန်ဖိုးနည်းနည်းအိမ်ရာဖြစ်ဖြစ် အငှား

အိမ်ရာဖြစ်ဖြစ် စရိတ်သက်သက်သာသာနဲ့ ဆက်ပြီး အကောင်အထည်ဖော်ပေးဖို့

မျှော်လင့်ပါတယ်” ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

 

တိုက်ခန်းဝယ်ယူခွင့်ရရန်အတွက် လျှောက်ထားသူသည် မိသားစုတစ်လပျမ်းမျှ

ဝင်ငွေ လေးသိန်းကျပ် အနည်းဆုံးရှိရမည်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့် လေးလ

ပေးချေရမည်ဖြစ်ကာ အကျေပေးချေနိုင်ပါကလည်း အကျေချေနိုင်ပြီး ဘဏ်

ချေးငွေစနစ်ဖြင့်လည်း ၀ယ်ယူခွင့်ပေးထားကြောင်း သိရသည်။ လတ်တလော

ဝယ်ယူခွင့် လျှောက်လွှာခေါ်ထားသည့် မြရည်နန္ဒာ တန်ဖိုးနည်းတိုက်ခန်းများကို

မြေညီထပ် ၂၂၃ သိန်း၊ ပထမထပ် ၂၀၈ သိန်း၊ ဒုတိယထပ် ၁၉၃ သိန်း တို့ဖြင့်

လက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေရောင်းချပေးမည် ဖြစ်ကာ ဘဏ်ချေးငွေစနစ်

ဖြင့် ၀ယ်ယူလျှင် တိုက်ခန်း၏တန်ဖိုး ၃၀ ရာခိုင်နှုံးအား ကနဦးပေးချေရမည်ဖြစ်ပြီး

ကျန် ၇၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်

ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်သည်။

 

“ခု တန်ဖိုးနည်းတွေ ရောင်းတယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေရော၊ တချို့လည်း

အဆင်ပြေရက်နဲ့ ရလိုရငြားလျှောက်ကြတာတွေလည်း ရှိတာပဲ အမှန်တကယ်

အိမ်ရာလိုအပ်တဲ့ သူတွေလျှောက်တာကတော့ သဘာဝကျပါတယ် ဆင်းရဲ

ကြပ်တည်းနေတဲ့ အငြိမ်းစားတွေရော အိမ်ရာမရှိသေးတဲ့ အခြေခံလူတန်းစားတွေ

လက်ထဲ ရောက်ရင် ကိုယ်မရရင်တောင်မှ တကယ်လိုအပ်တဲ့သူလက်ထဲ ရောက်ရင် 

ဝမ်းသာတယ် အဲ့လိုမှ မဟုတ်ပဲ ပြန်ရောင်းစားဖို့သက်သက် လျှောက်တာမျိုးတွေက 

များနေရင် အစိုးရအတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးရလဒ်က မကောင်းဘူး

ပေါ့ လူတွေကတော့ အခွင့်အရေးရရင် ရသလောက်ကတော့ လျှောက်ကြမှာပဲ 

လျှောက်လွှာတွေကိုလည်းမဲနှိုက်ပြီးမှ ပေါက်မှလည်း ရောင်းပေးဦးမှာဆိုတော့ 

မျှော်လင့်ချက်တော့ နည်းပေမယ့် ပေါက်လည်းကံ မပေါက်လည်းကံဆိုပြီး လျှောက်

ဖြစ်ပါတယ် အစိုးရအနေနဲ့ ဒီထက်ပိုပြီး အိမ်ရာတွေ ဖော်ဆောင်ပေးစေချင်တယ်

ဖြစ်နိုင်ရင် မဲနှိုက်စရာတောင်မလိုပဲ အမှန်တကယ်လိုအပ်သူ လိုအပ်သလောက်

လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ တန်ဖိုးနည်းအိမ်ရာတွေရော အငှားအိမ်ရာတွေရောပေါ့ 

ဘာလို့လည်းဆိုတော့ဒီလိုမှ မလုပ်ပေးရင်လည်း သာမန်လူတွေအဖို့ သာမန်ဝင်ငွေနဲ့ 

တစ်သက်လုံးအိမ်ပိုင်ဖြစ်ဖို့ဆိုတာ မလွယ်လှဘူးပေါ့ အိမ်ရာတွေ ပိုမိုဖော်ဆောင်ပေး

နိုင်ပြီး နည်းမှန်လမ်းမှန် စနစ်မှန်နဲ့ လိုအပ်သူလက်ထဲ အဆင်ပြေပြေရောင်းချပေးလာ

နိုင်ဖို့ မျှော်လင့်မိတယ် ” ဟု မန္တလေးဒေသခံတစ်ဦးမှ ပြောသည်။

 

Property Media Team

www.Property.com.mm

 

 

 

 

 

Facebook comments