အခုရက်ပိုင်း အိမ်ခြံမြေအရောင်းအဝယ် လုပ်ကိုင်တဲ့သူ ပြန်ကျဲသွားတယ်လို့ မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်သူ အချို့ဆီက သိရပါတယ် ။
‘စီးပွားရေးဂယက်ရိုက်တာတွေ ၊ ဝါကျွတ်ကာလ ပွဲလမ်းသဘင်ရှိတာတွေရယ် ၊ ကုန်ဈေးနှုန်းကလဲ အတက်ဘက်မှာ ရောက်နေတာဆိုတော့ လူတွေ စီးပွားရေးကျပ်တည်းသွားတာတွေကြောင့် လဲဖြစ်မယ်’ လို့ ဖိုးလမင်းအိမ်ခြံမြေရောင်းဝယ်ရေးက ကိုဝဏ္ဏစိုးက ပြောပါတယ် ။
ဝါကျွတ်ကာလမှာ မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပြန်ကောင်းဖို့ မျှော်လင့်ခဲ့ပေမဲ့လည်း အိမ်ခြံမြေအရောင်းအဝယ် လုပ်လိုသူ ၊ ရင်းနှီးမြှုပ်နှံလိုသူ နည်းနေပြီး ပြန်ကောင်းလာဖို့ကတော့ ခန့်မှန်းဖို့ ခက်နေပါတယ် ။
မန္တလေးမြို့သစ် ၊ မြရည်နန္ဒာနဲ့ စက်မှုဘက်မှာ ကျပ်သိန်း ၅၀၀ ဝန်းကျင်မြေကွက်တွေကတော့ အရောင်းအဝယ်အနည်းငယ်ရှိနေတယ်လို့ သိရပါတယ် ။
Source: The Modern