တန်ဖိုးနည်းအိမ်ရာပြပွဲတွင် အစိုးရနှင့်ပုဂ္ဂလိက တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို ရောင်းချပေးသွားမည်

တန်ဖိုးနည်းအိမ်ရာပြပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ MICT Park ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရမှဆောက် လုပ်ထားသော တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာများအပြင်
ပြည်တွင်းရှိ ဆောက် လုပ်ရေးလုပ်ငန်းကုမ္ပဏီများမှ ဆောက်လုပ်ထားသောတန် ဖိုးနည်းအိမ်ရာများလည်းပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအရောင်းပြပွဲတွင်
တန်ဖိုးငွေကျပ် ၉၅ သိန်းမှ ၁၂၅ သိန်းကြားတွင် ရှိသော တန်ဖိုးနည်းအိမ်ရာ ၂ဝဝ၈ခန်းကိုရှစ် နှစ်အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)တို့မှ ပူးပေါင်းပြသသည့် အဆိုပါ ပြပွဲတွင် တည်ဆောက်ပြီးစီးပြီဖြစ်သည့် လှိုင်သာယာမြို့နယ်
ရွှေလင်ပန်းအိမ်ရာ အပိုင်း(၂) (၃) ၊ ဒဂုံဆိပ်ကမ်း ကနောင်တန်ဖိုးနည်း အိမ်ရာများ၊ ယုဇနတန်ဖိုးနည်း အပိုင်း(၁)(၂)တို့ရှိ တန်ဖိုးနည်း အိမ်ရာအခန်းပေါင်း နှစ်ထောင်ကျော်ကို ရောင်း
ချပေးမည်ဖြစ်သည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူရာတွင် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုး ရေးဘဏ်(CHDB) တွင် Housing Saving Account ဖွင့်လှစ်၍ ဝယ်ယူမည့် 
တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝကို ကနဦးပေးသွင်းထားရှိရန်လိုအပ်ပြီး အဆို ပါပေး သွင်းငွေပမာဏအတွက် ဘဏ်ထံမှ အတိုးနှုန်း ၈ ဒသမ၅ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။တိုက်ခန်း
ဝယ်ယူသူက ပေးဆပ်ရန်ကျန်ရှိနေသေးသည့် ငွေကြေးကို ရှစ်နှစ်အရစ်ကျစနစ်ဖြင့် ဆက်လက်ပေးသွင်းရ မည်ဖြစ်ပြီး ၎င်းအခန်း အရစ်ကျငွေ ပေးချေကာလကို ရှစ်နှစ်မှ ၁၅နှစ် အထိ
တိုးမြှင့်ပေးရန် စီစဉ်နေကြောင်းသိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ချေးငွေဌာနမှ ကြီးကြပ်ရေးမှူး ဦးလှမျိုး မြင့်က ''တိုက်ခန်းရဲ့တန်ဖိုးက ၉၇ သိန်းဆိုရင်လစဉ်ပေးဆပ်ရမယ့် ငွေကတစ်သိန်းတစ်သောင်းလောက်ရှိပါတယ်။ ရှိသင့်တဲ့ မိသားစုဝင် ငွေက သုံးသိန်းခွဲ ဝန်းကျင်လောက် ရှိရပါတယ်''ဟုဆိုသည်။ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်အတွက် ဝင်ငွေစိစစ်ရာတွင် လူတစ်ဦးတည်းဝင်ငွေကို ဖော်ပြရမည်မဟုတ်ဘဲ မိသားစုဝင် အားလုံး၏ဝင်ငွေကို စုပေါင်းဖော် ပြနိုင်ပြီး သတ်မှတ်ချက် ပြည့်မီပါက ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။ လက်ရှိ အချိန်အထိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး
ရေးဘဏ်(CHDB) တွင် Housing Saving Account ဖွင့်လှစ်ထားသူ အရေအတွက်မှာ ၅ဝဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။ လာမည့် လေးနှစ်တာအတွင်းတွင် ကျပ်ငွေသိန်း ၁ဝဝ
တန်ဖိုးအောက် လျော့နည်းသည့် အိမ်ရာစီမံကိန်း အခန်းပေါင်း ၈ဝဝဝ ကျော်ကိုလည်း ဆောက် လုပ်ဖော်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုး ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဦးမင်းအောင်အေး၏ ပြောကြားချက်အရ သိရသည်။

Source: Yangon Media Group

Facebook comments