ဆောက်လုပ်ရေး လုပ်ငန်း များကို ကြီးကြပ်ရန် ကြားခံအဖွဲ့အစည်းထားရှိရေး အဆိုကို ရန်ကုန်တိုင်း အစိုးရ ကန့်ကွက်

မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်စစ်ဆေးနိုင်ရန် တတ်သိပညာရှင်များ ပါဝင်သည့် ကြားခံအဖွဲ့အစည်း (Third Party) တစ်ခုဖွဲ့စည်းရန်  ကျင်းပလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောမတူခဲ့သော်လည်း မဲခွဲဆုံးဖြတ်ချက်အရ အဆိုကိုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်းက အရည်အသွေးပြည့်မီသော အဆောက်အအုံများ ပေါ်ပေါက်လာစေရန် ကြားခံအဖွဲ့အစည်းထားရှိရေးအဆိုကို တင်သွင်းခဲ့ရာ ရန်ကုန်မြို့တော်ဝန်  ဦးမောင်မောင်စိုးက ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်သည်ဟုဆိုကာ ဆွေးနွေးရန် ကန့်ကွက်ခဲ့သည်။

အဆိုကို အောက်တိုဘာ ၂၁ ရက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

Source : The Myanmar Times

Facebook comments