အစိုးရသစ်လက်ထက် မြို့နယ်လေးခုတွင် စက်လှေကားပါ လူကူးခုံးကျော်တံတားငါးစင်းကို လာမည့်ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာရေးဝန် ကြီး ဦးမောင်မောင်စိုးကပြောသည်။
တည်ဆောက်မည့် တံတား ငါးစင်းမှာ ဆိပ်ကမ်းမြို့နယ်တွင် နှစ်စင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့ နယ်တို့တွင် တစ်စင်းစီ ဆောက် လုပ်မည်ဖြစ်သည်။
ကမ်းနားလမ်းဟောင်းနှင့် လမ်းသစ်ဖြတ်၍ ဗိုလ်တထောင် စေတီဝင်ပေါက်နေရာ၊ စဉ့်အိုး တန်းသင်္ဘောဆိပ် ဝင်ထွက် ပေါက်နေရာ၊ စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ မဟာမြိုင်ဆေးရုံနှင့် အထက(၂)စမ်းချောင်းကို ဆက် သွယ်ပေးသည့်နေရာ၊ ဗဟန်းမြို့ နယ် ဦးဝိစာရလမ်းမပေါ်ရှိ ရွှေတိ ဂုံစေတီသို့ သွားရောက်မည့်နေ ရာ၊ မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခုံး ကျော်တံတားအဆင်း၊ မြောက် ဘက်အခြမ်းရှိနေရာတို့တွင် အ ဆင့်မြင့် လူကူးခုံးကျော်တံတား ဆောက်လုပ်ပေးရန်ရှိကြောင်း ဝန်ကြီး ဦးမောင်မောင်စိုးက အောက်တိုဘာ ၅ ရက်က ပြုလုပ်သည့်တိုင်းဒေသကြီးလွှတ်တော် အ စည်းအဝေး၌ ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘လွှတ်တော်ကိုယ်စားလှယ် ကြီးတွေ မေးမြန်းတင်ပြတဲ့နေရာ တွေက တကယ်လည်းလိုအပ်တဲ့ နေရာတွေဖြစ်ပါတယ်။ ရေးဆွဲ ထားတဲ့ မြို့တော်အင်္ဂါရပ်နဲ့အညီ လာမယ့်ဘဏ္ဍာနှစ်မှာ ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောက်လုပ်ပေးသွားပါမယ်’’ ဟု ၎င်းကပြောသည်။
ထိုသို့လူကူးခုံးကျော်တံတား များ ဆောက်လုပ်ပေးရန် ဆိပ် ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၊ စမ်းချောင်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာ အောင်၊ ဗဟန်းမြို့နယ် မဲဆန္ဒ နယ် အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ် ကျော်၊ ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စား လှယ် ဒေါ်မိုးမိုးစုကြည်တို့က မေး မြန်းခဲ့ကြခြင်းဖြစ်သည်။
‘‘လူကူးခုံးကျော်တံတားတွေ မရှိတဲ့အတွက် ယာဉ်ကြောပိတ် ဆို့တာတွေ၊ မတော်တဆထိခိုက်လို့ သေဆုံး၊ ဒဏ်ရာရရှိတာတွေဖြစ်ပေါ်နေရတာကြောင့် လူကူးခုံးကျော်တံတားတွေ ဆောက်လုပ်ပေးဖို့ မေးမြန်းရခြင်းဖြစ်ပါတယ်’’ဟု ဦးစံကျော်ကပြောသည်။
ခုံးကျော်တံတား ဆောက် လုပ်ရာတွင်လည်း လူအများ အ မှန်တကယ် အသုံးပြုနိုင်မည့် နေ ရာမျိုးကို ရွေးချယ်လုပ်ပေးစေလို ပြီး ယခင်ခုံးကျော်တံတားများကဲ့ သို့ အဖြစ်သဘောမပြုလုပ်စေလိုကြောင်း လွှတ်တော်ကိုယ်စား လှယ်များက အကြံပြုသည်။
လူကူးခုံးကျော်တံတားများ တွင် စက်လှေကားများ တပ်ဆင် ဆောက်လုပ်မည်ဆိုပါက ၂၄ နာရီ လျှပ်စစ်မီးရရှိမှု၊ စက်၏ခံနိုင်ဝန်၊ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် ပြင်ဆင်ကုန်ကျမှုများအတွက်ပါ တွက်ချက်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ထို့အပြင် မသန်စွမ်းများအတွက်ပါ အသုံးဝင်နိုင်မည့်တံတားတည်ဆောက်မှုနှင့် လူကူးအချက်ပြစနစ်များကိုပါ ထည့်သွင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အစိုးရလက်ထက် တွင် ရန်ကုန်မြို့၌ လူကူးခုံးကျော် တံတား ၁၀ စင်းခန့် ဆောက်လုပ် ခဲ့သည်။
Source : 7Day Daily