လာမည့်လေးနှစ်တာကာလအတွင်း ဆောက်လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိလာမည်ဟု CIC ခန့်မှန်း

လာမည့်လေးနှစ်တာကာလအတွင်းဆောက်လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင်

အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိလာမည်ဟု CIC ခန့်မှန်း

 

လာမည့်လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်

လာခြင်းနှင့်အတူ ဆောက် လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင်အမေရိကန်ဒေါ်လာ

၁၃ ဘီလီယံ ကျော်ရှိ လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အစီရင်ခံ

စာပြုစုရေးအဖွဲ့ (Timetric's Construction IntelligenceCenter-CIC) အစီရင်

ခံစာပြုစုသူ Mr.Danny Richards ထံမှ သိရသည်။ပြီးခဲ့သည့်ငါးနှစ်တာကာလ

အတွင်းကအိမ်ရာအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများသည် ကြီးမားသည့်

ဈေးကွက် တစ်ခုဖြစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွင်း က ဈေး ကွက်တန်ကြေး ၄၉ ဒသမ

၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

အခြေခံအဆောက်အဦ လိုအပ်ချက်ဈေးကွက်ရှိနေမှုကြောင့် ဒုတိယအကြီးဆုံး

ရင်းနှီးမြှုပ်နှံ မှုဖြစ်လာနိုင်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် သုံးစွဲရမည်ဟု

ခန့်မှန်းထားသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာအရ အရေးတကြီးချမှတ်ထားသော

၂ဝ၃ဝ ပြည့်နှစ် Master Plan အတွက်နိုင်ငံတော် အစိုးရ အနေဖြင့် အမေရိကန်

ဒေါ်လာ ၂၆ ဒသမ ၈ ဘီလီယံအထိလျာထာသတ်မှတ်ထားသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍသည် ၂ဝ၁၅ ခုနှစ်

နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈ဒသမ ၂ ဘီလီယံခန့် တန်ကြေး ရှိပြီး

နှစ်စဉ်၁ဝ ဒသမ ၃၇ ရာခိုင်နှုန်းအထိ တိုးတက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း

၂၂ ခုကို ခွင့်ပြုပေးထားပြီး စင်ကာပူနိုင်ငံမှစီမံကိန်း ၁၇ ခု (ကာလတန်ဖိုး အမေရိကန်

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်) ဖြင့်အများဆုံးလုပ်ကိုင်ခွင့်ရရှိထားကြောင်း

သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ၌နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂ဝ၁၃-၂ဝ၁၄

ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၄၄ဝ ဒသမ ၅ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ

နှစ်တွင် အမေရိကန်ဒေါ်လာ ၇၈ဝ ဒသမ၇ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် 

၇၂၈ ဒသမ ၆၈ သန်း အသီးသီးရှိခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၆၅ရာခိုင်နှုန်းခန့်သည် PowerOilနှင့်Gas လုပ်ငန်း

များမှဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေကဏ္ဍတစ်ခုလုံး၌၅ ရာခိုင်နှုန်း

ပမာဏသာရှိပြီး လာမည့်နှစ်များတွင် တိုးတက်လာဖွယ်ရှိကြောင်း သိရသည်။

 

Source: Myawady

Facebook comments