ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ စာရင်းဖွင့်ထားသူတွေကို တန်းဖိုးနည်းအိမ်ရာဦးစားပေးရောင်း ချဖို့စီစဉ်

တန်ဖိုးနည်းအိမ်ရာအတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဘဏ်မှာစာရင်းဖွင့်ထားသူတွေကို ဦးစားပေး ရောင်းချသွားမယ်လို့ သိရပါတယ်။

အိမ်ရာဝယ်ယူဖို့ လက်ရှိဘဏ်မှာငွေစုဆောင်းသူ ၃၃၀၀ ကျော်အထိရှိနေပြီး
စုဆောင်းငွေကျပ်သန်း ၂၀၀၀ ကျော်ရရှိထားပါတယ်။

နှစ်ရှည်အရစ်ကျစနစ်နဲ့ ရောင်းချဖို့ရှိနေတဲ့တန်ဖိုးနည်းအိမ်ရာတွေကို ၀ယ်ယူခွင့်ပြုရာမှာ အဆိုပါဘဏ်နဲ့ချိပ် 
ဆက်ဝယ်ယူရမှာဖြစ်တာကြောင့် ၀ယ်ယူလိုသူတွေအနေနဲ့ ဘဏ်စာရင်းလိုအပ်ချက်ရှိမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာရွှေလင်းပန်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာ ၂၀၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်
မှုဖြင့်ရောင်းချပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အိမ်ရာအခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ဘဏ်မှာစုဆောင်းငွေအဖြစ်
ကြိုတင်ရှိနေရမှာဖြစ်ပြီး ကျန်ငွေကိုအရစ် ကျစနစ်ဖြင့် ၈ နှစ်မှ ၁၅ နှစ်အတွင်းအကျေပေးသွင်းရမှလည်းဖြစ်ပါတယ်။ ထိုကဲ့သို့ အရစ်ကျနဲ့ဝယ်ယူနိုင်ဖို့ကို
လည်း မိသားစုတစ်လ၀င်ငွေက အနည်းဆုံးကျပ် ၃ သိန်းအထက်ရှိရမှာလည်းဖြစ်ပါတယ်။

Source: SFJ Strategy First

Facebook comments