အစိုးရအပြောင်းအလဲတွေဖြစ်လာပေမယ့် ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က အေးစက်နေဆဲ
အစိုးရအပြောင်းအလဲတွေဖြစ်ပေါ်လာပေမယ့် ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က အေးစက်နေဆဲဖြစ်ပြီး အဌား ဈေးကွက်ဖြင့်သာ ရပ်တည်နေရဆဲလို့မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်ရှင်အသင်း တာဝန်ရှိသူတွေထံကသိရပါ တယ်။၂၀၁၄ ခုနှစ်နောက်ပိုင်းကတည်းက အေးစက်သွားခဲ့တဲ့ ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်က လက်ရှိအချိန်အထိ လည်း နှေးကွေးနေဆဲဖြစ်ပြီး စောင့်ကြည့်နေမှုတွေနဲ့အတူ ဈေးကွက်အေးစက်နေဆဲပါလို့ အသင်းတာဝန်ရှိ သူကပြောဆိုပါ တယ်။“ အခုဈေးကွက်က အေးစက်နေဆဲကာလပါပဲ၊ အဌားဈေးကွက်နဲ့ပဲရပ်တည်နေကြတာ အရောင်းအ၀ယ်က တော့တကယ်နေထိုင်မဲ့သူတွေလောက်ပဲစိတ်ဝင်စားတာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။အဌားဈေးကွက်နဲ့ရပ်တည်နေတယ်လို့ဆိုသော်လည်း အရင် ၂၀၁၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ဈေးကွက်ကျဆင်းမှုနဲ့ရင် ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလကြုံတွေ့ခဲ့ခြင်း အခွန်စနစ်အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တာကြောင့် ဈေးကွက်တုန့်ဆိုင်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိအစိုးရသစ်လက်ထက်ရောက်ရှိပြန်တော့လည်း စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ က ဆက်ပြီးစောင့်ကြည့်နေဆဲအချိန်အခါဖြစ်နေတာကြောင့်အိမ်ခြံမြေဈေးကွက်က အေးစက်နေတာဖြစ်ပါ တယ်။အသင်းအနေနဲ့ လက်ရှိမှာအိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး ယင်းဥပဒေအကောင်အထည်ပေါ်လာပါက ဈေးကွက်ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထား ပြီး အိမ်ခြံမြေလုပ်ငန်းကဏ္ဍတိုးတက်ကောင်းမွန်လာမယ်လို့ လုပ်ငန်းရှင်တွေကပြောဆိုပါတယ်။Source: SFJ Strategy First
Facebook comments