ကျူးကျော်တွေအတွက် မိသားစုသတ်သေခံကတ်ပြား နေ့ချင်းပြီးထုတ်ပေး
ဒဂုံမြို့သစ်တောင်ပိုင်း ၅၅ နဲ့ ၅၆ ရပ်ကွက်အတွင်းနေ ကျူးကျော်နေထိုင်သူ ၁၀၀၀ ကျော်ကို စာရင်းတွေကောက်ယူပြီး အိမ်ထောင်စုသက်သေခံ ကတ်ပြားတွေ နေ့ချင်းပြီး ထုတ်ပေးလျက်ရှိတယ်လို့ ကျူးကျော်စာရင်းများ ကောက်ယူရေးအဖွဲ့က သိရပါတယ် ။‘ဒီလိုနေ့ချင်းပြီး သက်သေခံကတ်ပြားထုပ်ပေးထာတွေကိုတော့ အခုလ ၁၂ ရက်နေ့ စတင်ထုတ်ပေးနေတာ ၊ တောင်ဒဂုံမြို့နယ်ပြီးရင် ဒဂုံဆိပ်ကမ်းဘက်ကိုလဲ ထပ်ကောက်သွားဖို့ရှိတယ် ၊ ဒါကနောက်ထပ်ကျူးကျော်တွေ ထပ်တိုးမလာအောင် စိစစ်တာ’လို့ ကျူးကျော်စာရင်းများ ကောက်ယူရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။ကျူးကျော်စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ်တောင်ပိုင် ၂၀ ရပ်ကွက်ကို ယခုလ ၂ ရက်က စာရင်းကောက်ယူခဲ့ပေမဲ့ ဆော့ဖ်ဝဲပိုင်း လိုအပ်ချက်တွေကြောင့် ယာယီရပ်နားထားပါတယ် ။ ယခုလ ၁၂ ရက်နေ့က ပြန်လည်စာရင်းကောက်ယူပြီး သက်သေခံကတ်တွေ ထုတ်ပေးနေတာ ဖြစ်ပါတယ် ။ နေထိုင်ရေးကိစ္စတွေ ဖြေရှင်းပြီး ချိန်မှာတော့ အဆိုပါသက်သေခံ ကတ်ပြားတွေကို ပြန်လည်သိမ်းယူသွားမှာ ဖြစ်ပါတယ် ။မေလ ၂၆ ရက်နေ့နောက်ပိုင်း ကျူးကျော်နေထိုင်သူတွေကိုတော့ စာရင်းကောက်ယူသွားမှာ မဟုတ်ဘဲ တည်ဆဲဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ် ။ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း ကျူးကျော်အိမ်ခြေပေါင်း ၁၀၅,၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇,၇၃၈ ရှိကာ ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁,၀၅၀ ခန့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။Source: Modern Journal
Facebook comments