ပြည်မြို့ပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက် အခြေအနေများ
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ခရိုင်မြို့တစ်မြို့ဖြစ်သော ပြည်မြို့အတွင်း
အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် အငှားအရမ်း အခြေအနေများအား
Property.com.mm သတင်းမီဒီယာမှ ယခုတစ်ပတ်အတွင် လေ့လာစုံစမ်း
ခဲ့သည်များအား ရေးသားဖော်ပြလိုက်ပါသည်။
ပြည်မြို့သည် နယ်မြို့ကြီးတစ်မြို့ဖြစ်သည့်အားလျော်စွာ ဆက်သွယ် ကူးသန်း
သွားလည်ရေးအနေဖြင့်လည်း ရထား၊ ကား၊ ရေလမ်းတို့ဖြင့် အထူး
ကောင်းမွန်သည့် နေရာဒေသတစ်ခုလည်းဖြစ်ပြီး န၀ဒေးတံတားမှတဆင့်
ပန်းတောင် - တောင်ကုတ် ထိုမှတဆင့် ရခိုင်ပြည်နယ်အထိ ဆက်သွယ်
ပေါက်ရောက်သော လမ်းမများနှင့် ဆက်စပ်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။
ပြည်တက္ကသိုလ်နှင့် အနီးရပ်ကွက်များဖြစ်သော တရုတ်စု၊ ရွှေလက်လှ၊
န၀င်းကွက်သစ်၊ အုန်းတော၊ သရက်တော ရပ်ကွက်ပတ်ဝန်းကျင်များတွင်
အဆောင်ငှားရမ်းဖွင့်လှစ်မှုများ ဈေးကွက်အားသာချက်ရှိပြီး အရောင်းအ၀ယ်
အားဖြင့်မူပုံမှန်ဈေးကွက် အနေအထားမရှိပဲ အ၀ယ်ထက် အရောင်းခေါ်ဆို
မှုများကို ပိုမိုတွေ့ရသည်။
"ပြည်မြို့ပေါ်တွေမှာ အရောင်းခေါ်ဆိုတာတွေရှိပါတယ် အများစုကတော့
စီးပွားရေးအတွက် ဆိုင်နေရာ ငှားရမ်းဖွင့်လှစ်တာမျိုးတွေ ပိုတွေ့ရတယ်
ဒီဘက်မှာက နယ်မြို့ဆိုတော့ ရန်ကုန်ဘက်တွေကလို ဈေးကွက်တွေ
ဈေးကစားတာတွေတော့ မရှိပါဘူး နေရာကောင်းရင်ကောင်းသလို ရောင်း
ချင်တဲ့သူက ဈေးခေါ်မယ် ကြိုက်တဲ့သူကလည်း ၀ယ်တာပေါ့ အရင်နှစ်
တွေကတော့ န၀ဒေးတံတားဘက်က မြစ်ကမ်းဘေးမြေကွက်တွေကို
တချို့စိတ်ဝင်စားတာတွေရှိတယ် ၀ယ်ထားပြီးသူတွေများကြပါတယ်
တချို့လည်း မြစ်ကမ်းဘေး စားသောက်ဆိုင်တွေဖွင့်ထားတာတွေရှိတယ်
တဘက်ကမ်းမှာတော့ ပန်းတောင်းဘက်သွားတဲ့လမ်း ဘယ်ညာမှာလည်း
အရောင်းအ၀ယ်အတွက် ကြည့်ကြတာတွေရှိတယ် ဈေးကတော့
ကြိုက်ရောင်းကြိုက်ဝယ်ပါ အရောင်းအ၀ယ်ကတော့ ဝေးဝေးတစ်ခါပေါ့
မြေကွက်အရောင်းတွေဆိုရင်တော့ ဘုရင့်နောင်လမ်းမကြီးဘေး ပေ ၁၀၀
ပတ်လည် အကွက်လောက်ကို သိန်း ၂၅၀ နဲ့ခေါ်တာရှိတယ် ပြီးတော့
ပြည်အနောက်ဘက်ကမ်း ပုသိမ် - မုံရွာလမ်းမဘေး အကွက်တစ်ချို့လည်း
ဧကတော်တော်များများ အရောင်းခေါ်တာတွေ ရှိပါတယ် ဈေးတွေကတော့
ရှေ့အနေနဲ့ဆို ပိုကောင်းလာမယ်လို့ ထင်တယ် နယ်ဘက်က ရန်ကုန်နဲ့
မတူဘူးလေ နယ်မှာက နေရာရှားတယ် မြို့တွင်းဘက်ကတော့ ထောင်
ကျော်တွေပေါ့ လမ်းအနေအထားပေါ်မူတည်ပြီး ၁၀၀၀ အောက်ကနေ
သိန်း ၃၀၀၀/၄၀၀၀ အရောင်းခေါ်တာမျိုး ပြည်ဘက် ဈေးကွက်အခြေ
အနေကို ပြောရရင်တော့ အငှားအနေနဲ့ ပိုတွေ့ရတယ် ပြောရပါမယ် "
ဟု ဒေသခံ အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကိုမောင်ဦး
က Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။
ယခင်နှစ်များက ပြည် န၀ဒေးစက်မှုဇုန်မြေကွက်များ အရောင်းအ၀ယ်
တချို့ရှိခဲ့သော်လည်း ယခုလတ်တလောအခြေအနေများအရ စက်မှု
လုပ်ငန်းမလုပ်ကိုင်သည့် မြေကွက်လွတ်များ၊ စက်မှုမြေများအား အိမ်ရာ
တည်ဆောက်နေထိုင်ခြင်း စသည့် မူဝါဒနှင့်မညီညွတ်သည့် ကိစ္စရပ်များ
အား အရေးယူဆောင်ရွက်ရန် စီစဉ်နေသည့် အခြေအနေများလည်း
ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားသည်။
ပြည်မြို့တွင်းတွင် နယ်မြို့များတွင် ဈေးကွက်ကောင်းမွန်သည့် လယ်ယာသုံး
ပစ္စည်းဆိုင်များ၊ ဆိုင်ကယ်ပစ္စည်းဆိုင်များနှင့် စားသောက်ဆိုင်လုပ်ငန်းများ
အတွက် ငှားရမ်းလုပ်ကိုင်မှုများ ပိုမိုတွေ့ရကာ အကောက်တောင် ထုံးဘို
ဒေသများ၊ သီရိခေတ္တရာ မြို့ဟောင်းဘက်နှင့် မြို့တွင်း ဘုရားစေတီများသို့
မြန်မာပြည်တွင်းနှင့် ပြည်ပခရီးသည်များပါ လာရောက်ဝင်ထွက်သွားလာမှု
များလည်း ပိုမိုများပြားလာနေပြီး ခရီးသွားလုပ်ငန်းကောင်းမွန်သည့် ဒေသ
ဖြစ်သည့်အတွက် ဟိုတယ်နှင့် မိုတယ်အသေးစားများ၊ စားသောက်ဆိုင်များ
အနေဖြင့် ခရီးသွားလုပ်ငန်းကို အခြေပြု၍ ပိုမိုဖွံ့ဖြိုးလာနိုင်သည့် ဈေးကွက်
အခြေအနေရှိပါကြောင်း လေ့လာရေးသားတင်ပြလိုက်ပါသည်။
Property Media Team
www.Property.com.mm