Golden City သည် ရန်ကုန်မြို့စီးပွားရေးအချက်အချာနေရာသစ်ဖြစ်သော ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး ပတ်ဝန်းကျင်အားသာချက်များစွာရှိ၍ စီမံကိန်းအသစ်များ လည်း ဤနေရာတွင် စုဝေးလျက်ရှိပါသည်။ Myanmar Plaza, Yankin Center နှင့် နီးကပ်နေ၍ ခြေလျင်လမ်းလျှောက်နိုင်ပါသည်။ (၁) မိုင်ပတ်လည်အတွင်း International School, Children Hospital, Media Hotel, Sedona Hotel တို့တည်ရှိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် (၇) မိုင်သာကွာဝေး၍ ရန်ကုန်မြို့၏ အမြင့်ဆုံး သော ပေ (၃၆၀) ရှိ အဆောက်အအုံမှ အင်းယားကန်နှင့် ရွှေတိဂုံစေတီတော်တို့ကိုလည်း ထင်ရှားစွာလှမ်းမျှော်ကြည့်ရှုနိုင်ပြီး စိတ်နှလုံးကို ကြည်လင်အေးချမ်းစေပါသည်။
အကျယ်ဆုံး ကြီးမားခမ်းနားသော ဂေဟာပန်းဥယျာဉ်
ရန်ကုန်မြို့၏ ပထမဦးဆုံး (၂.၅) ဧက ရှိသော ပြင်သစ်ဂန္တ၀င်ပုံစံပန်းဥယျာဉ်
Golden City သည် လွန်စွာခမ်းနားထည်ဝါလှပ၍ စည်ကားသော မြို့လယ်ခေါင်တွင်တည်ရှိပြီး ရန်ကုန်မြို့၏ ပထမဆုံး (၂.၅) ဧက ရှိသော ပြင်သစ်ဂန္တ၀င်ပုံစံ ပန်းဥယျာဉ်ကို ဖန်တီးပေးထားပါသည်။ နည်းပညာပိုင်းတွင် အထူးဂရုပြု၍ အဆက်မပြတ် ပြင်ဆင်ဆန်းသစ်ခြင်းတို့ကြောင့် စိမ်းလန်းစိုပြေလှပသော ပန်းဥယျာဉ်၊ ဆန်းသစ် သော အမေရိကန်ကျူဘားပင်များ စိုက်ပျိုးထားသော လှပသည့် အ၀င်လမ်းမနှင့် ဒီဇိုင်းခေတ်မှီသော ရေကူးကန်၊ ရေပန်းများဖြင့် မြန်မာပြည်၏ အလှပဆုံး ဥယျာဉ်ရှုခင်း များကို ဖန်တီးပေးထားပါသည်။
ပထမဦးဆုံး အဆင့်မြင့် အိမ်ရာနှင့်စီးပွားရေးဘက်စုံသုံး အထွေထွေနေရပ်ဝန်းကြီး
နေ့စဉ်ဘ၀၏ လုပ်ငန်းနေရာနှင့် နေထိုင်မှုပတ်ဝန်းကျင် တစ်နေရာတည်းတွင် တည်ရှိခြင်း။
Golden City သည် ရန်ကုန်မြို့၏ ပထမဦးဆုံး အဆင့်မြင့်အိမ်ရာနှင့် စီးပွားရေးဘက်စုံသုံးအထွေထွေ နေရပ်ဝန်း စီမံကိန်းကြီး တစ်ခုဖြစ်သည့်အားလျော်စွာ အဆင့်မြင့် နေထိုင်အိမ်ရာ Residential, Grade-A Offices, Service Apartment, International Hotel များနှင့် Shopping Center များ တစ်နေရာတည်းတွင် တည်ရှိခြင်း တို့ကြောင့် နေ့စဉ်ဘ၀၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် နေထိုင်မှုဆိုင်ရာ လိုအပ်ချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့ပြင် အာရှအကြီးဆုံး ဇိမ်ခံပစ္စည်း အရောင်းဆိုင် Reebonz သည် ကမ္ဘာ့ထိပ်တန်း နာမည်ကြီးအမှတ်တံဆိပ် (၁၀) ခုကျော်အား ယူဆောင်၍ Golden City စီမံကိန်းကြီးထဲတွင် ဖွင့်လှစ်ထားပါသည်။
ကွန်ဒိုမီနီယံ အထောက်အကူပစ္စည်း အပြည့်စုံဆုံး နေရပ်ဝန်းကြီး
အပြင်ပန်းအဆောက်အဦးနှင့် အတွင်းပိုင်း ၀န်ဆောင်မှု နှစ်မျိုးစလုံးစုံလင်သောကြောင့် လူမှုဘ၀နေထိုင်ရာ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်း
ပေးနိုင်ခြင်း။
Golden City သည် အပြင်ပန်းအဆောက်အဦးနှင့် အတွင်းပိုင်းဝန်ဆောင်မှု ရှုထောင့်နှစ်မျိုးစလုံးမှ နေထိုင်သူများ၏လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ နေရပ်ဝန်းကြီးအတွက် ကွန်ဒိုမီနီယံဆိုင်ရာ အထောက်အကူပစ္စည်းများကို စုံလင်စွာ စီစဉ်ပေးခြင်းဖြင့် နေရပ်ဝန်းကြီးအတွင်း နေထိုင်သူများအတွက် သီးသန့် ပန်းဥယျာဉ်၊ ရေကူးကန်၊ အားကစားလေ့ကျင့်ခန်း၊ Clubhouse များ၊ ကလေးကစားစရာနေရာများ၊ အများသုံး မီးဖိုဆောင်များ စသည်တို့ကို ထည့်သွင်းပြင်ဆင်ပေးထားပါသည်။ ထို့အတူ ကမ္ဘာ့ထိပ်တန်း နာမည်ကြီး Property Management Company ဖြစ်သော Colliers International သည်လည်း နေထိုင်သူများကို ကမ္ဘာ့အဆင့်မီ သီးခြားနေထိုင်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ဆောင်မှုများကို ပေးလျှက် နေထိုင်သူများ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပါသည်။
အကောင်းဆုံး အိမ်ခန်းပုံစံ ဒီဇိုင်းဖန်တီးထားခြင်း
517 Sq.ft မှ 1,996 Sq.ft ရှိသော အိမ်ခန်းဖွဲ့စည်းမှုများကြောင့် နေထိုင်ရန်နှင့် ရင်းနှီးမြုပ်နှံရန် နှစ်မျိုးစလုံးအတွက် ပြီးပြည့်စုံအောင်
ဖန်တီးပေးထားခြင်း။
Golden City တွင် 517 Sq.ft (1 Bedroom), 760-1,238 Sq.ft (2 Bedrooms), 1,291-1,732 Sq.ft (3 Bedrooms), 1,996 Sq.ft (4 Bedrooms) များ အပြင် ခေတ်နှင့်အညီ ထူးခြားဆန်းသစ်သော Dual Key System (အိမ်ခန်းနှစ်ခန်းပေါင်း) နှင့် အထပ်မြင့်ဇိမ်ခံ Penthouse များကို ဖန်တီးပေးထားပါသည်။ အခန်းဒီဇိုင်းပုံစံ ကောင်းမွန်ခြင်း၊ ဧရိယာမျက်နှာစာမျှတခြင်း၊ လေ၀င်လေထွက်နှင့် အလင်းကောင်းမွန်ခြင်းတို့ကြောင့် မြို့ပြ ဂုဏ်သရေရှိ နေအိမ်အင်္ဂါရပ်နှင့် ကိုက်ညီပြီးနေထိုင်ရန်နှင့် ရင်းနှီးမြုပ်နှံရန် နှစ်မျိုးစလုံးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။