Yatanar Mall တွင် အသုံးပြုမည့် အသုံးအဆောင်ပစ္စည်းများ
1) ဓါတ်လှေကား (Escalator-2) စီး (Mitsubishi/ Hitachi / Schindler)
2) Lift (3) စီး (Mitsubishi / Hitachi / Schindler)
3) Air-con (Mitsubishi / Panasonic)
4) မှန် (Toughened glass)
5) ကြမ်းခင်း (Marble / Granite ကြွေပြား / ကျောက်ပြား)
6) Celling (ကျွန်းသာ / အလူမီနီယမ်နှင့် အခြားအလှဆင်ပစ္စည်းများ အသုံးပြုပါမည်)
7) Counter (ကျွန်းသား / မှန်နှင့် အခြားအလှဆင်ပစ္စည်းများ အသုံးပြုပါမည်)
8) Toilet (Auto System အား အသုံးပြုပါမည်)
9) မီးစက် (Catapiller CAT - USA)
10) CCTV များတပ်ဆင်ပါမည်။
မှတ်ချက် ။ ။
ဆိုင်ခန်း (A)
- ဆိုင်ခန်း (A) အမျိုးအစားအား ကြမ်းခင်းကြွေပြား/ကျောက်ပြား အပြီးကပ်ပေးပါမည်။
- Roller Shutter, Air-con တပ်ဆင်ပေးပါမည်။
- အခြားအလှဆင်ပစ္စည်းများ ၀န်ဆောင်မှုမပေးပါ။
ဆိုင်ခန်း (B)
- ဆိုင်ခန် (B) အမျိုးအစားအား Counter အပြီးပြုလုပ်ပေးပါမည်။
- ကြမ်းခင်းကြွေပြား/ကျောက်ပြား အပြီးကပ်ပေး၍ လျှပ်စစ်အလှဆင်ပေးပါမည်။
ဆိုင်ခန်း (C)
- ဆိုင်ခန်း (C) အမျိုးအစားအား Counter အပြီး ပြုလုပ်ပေးပါမည်။
- ကြမ်းခင်းကြွေပြား/ကျောက်ပြား၊ အပြီးကပ်ပေး၍ လျှပ်စစ်မီးအလှဆင်ပေးပါမည်။ နံရံကပ်ဘီဒိုပါရှိပါသည်။
စည်းကမ်းချက်များ
1) Yatanar Mall ဖွင့်မည့်ရက်အား (30.12.2016) ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် အကြမ်းဖျင်း လျာထားပါသည်။
2) ဆိုင်ခန်း (A) အမျိုးအစားအား ၀ယ်ယူထားသူများအနေဖြင့် (30.12.2016) ရက်နေ့မတိုင်မီ မိမိတို့ဆိုင်ခန်းအား အပြီးသတ် အလှဆင်ပေးရပါမည်။
3) ဈေးအတွင်းတွင် သတ်မှတ်ထားသည့် ပစ္စည်းများကိုသာ ရောင်းချခွင့်ပြုပြီး အခြားပစ္စည်းများ (လုံးဝ) ရောင်းချခွင့်ပြုမည်မဟုတ်ပါ။ သတ်မှတ်ထားသော ပစ္စည်းများမှာ (ကျောက်စိမ်း၊ နီလာ မြ၊ ပုလဲ၊ ပတ္တမြား၊ အင်ကြင်းကျောက်) စသည့် ကျောက်မျက်ရတနာများ၊ မြန်မာ့ပိုးထည်၊ ပန်းချီ၊ ပန်းပု၊ ယွန်းထည်၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ ငှက်သိုက် စသည်တို့ဖြစ်ပါသည်။ ရှေးဟောင်းပစ္စည်းအရောင်းပြခန်း၊ ကျောက်မျက်ရတနာဆေးစမ်းသပ်ခန်း၊ စားသောက်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချခွင့်ရှိသည်။
4) ဆိုင်ခန်း ဖွင့်ချိန် / ပိတ်ချိန်မှာ ကုမ္ပဏီမှ သတ်မှတ်သည့် အချိန်အတိုင်းသာ ဖြစ်ပါမည်။ ဈေးအတွင်းတွင် လူနေထိုင်ခွင့် (လုံးဝ) ခွင့်မပြုပါ။
5) ဆိုင်ခန်းအား ကုမ္ပဏီမှ သတ်မှတ်သည့် ပိတ်ရက်မှသာ ဆိုင်ပိတ်ခွင့်ရှိပါသည်။
6) Maintenance fees အနေဖြင့် ရေ၊ မီး၊ Air-con ၊ သန့်ရှင်းရေး၊ လုံခြုံရေးနှင့် အခြားအထွေထွေကုန်ကျစရိတ်များအား မိမိအခန်းကျယ် (Square Feet) အတိုင်း တွက်ချက်၍ အချိုးကျ ကျခံရပါမည်။