09-261334475

ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ် အနည်းငယ်ပြန်ဖြစ်

အစိုးရသစ်လက်ထက် တွင် အရောင်းအ၀ယ်ရပ်တန့်လု နီးပါးဖြစ်ခဲ့သော ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သည် သြဂုတ်လလယ်မှ  စ၍ နေရာဒေသ အလိုက် မူလခေါ် ဈေးထက် ထက်ဝက်ခန့်လျော့ နည်းသည့်ဈေးဖြင့် အရောင်းအ ၀ယ်အနည်းငယ် ပြန်ကောင်းလာ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောကြားသည်။


ရွှေဈေးမြင့်တက်ခြင်း၊ အစိုး ရက ဘတ်ဂျက်ငွေကြေးအချို့ကို စီမံကိန်းများအတွက် ချထားပေး ခြင်းစသည်တို့ကြောင့် ဈေးကွက် အတွင်း   ငွေကြေး ၀င်ရောက်လာ သဖြင့် အရောင်းအ၀ယ်အနည်း ငယ်ပြန်ဖြစ်လာခြင်းဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက   ပြောသည်။


‘‘အရောင်းအ၀ယ် ပြန်ဖြစ် လာပေမယ့် ဈေးကတော့ အရင် ခေါ်ဈေးမရဘူး။ တစ်ဝက်လောက် ကို လျှော့ရောင်းနေရတယ်’’ ဟု ဦးသန်းဦးက ပြောသည်။


ဇူလိုင်လလယ်မှစ၍ ရွှေဈေးမတည်မငြိမ်ဖြစ်ပြီး မြင့်တက်လာ သဖြင့် ရွှေစုဆောင်းထားသူများ ပြန်လည်ရောင်းချ၍ ရန်ကုန်မြို့စွန်ဒဂုံရှေ့၊ ဒဂုံဆိပ်ကမ်းစသည့်မြို့နယ်များရှိ ပါမစ်မြေကွက်များကို ထက်ဝက်ဈေးဖြင့် ၀ယ်ယူမှုများရှိလာကြောင်း သိရသည်။


အရောင်းအ၀ယ် ပြန်ဖြစ် လာသော ပေ ၄၀× ၆၀ ပတ်လည် မြေကွက်တစ်ကွက်၏ တန်ဖိုးမှာ ယခင်က ကျပ်သိန်း ၁၅၀ ခန့်ရှိ သော်လည်း ကျပ်သိန်း ၆၀ ခန့် သာ ဈေးရရှိကြောင်း ဦးသန်းဦးက ဆိုသည်။


ထို့အပြင် သြဂုတ်အတွင်း မြို့တွင်းမြို့နယ်အချို့တွင် ကျပ် သိန်းသောင်းချီသည့် အိမ်ခြံမြေ အချို့ အရောင်းအ၀ယ်ရှိလာသည် ဟု သိရသည်။ စက်မှုဇုန်မြေကွက် များမှာလည်း ထက်ဝက်ခန့်ဈေး ဖြင့်  အရောင်းအ၀ယ်များ ပြန်ဖြစ်လာသည်။ လှိုင်သာယာ စက်မှု ဇုန်တွင် တစ်ဧကလျှင် ကျပ်သိန်း ၆,၀၀၀ ကျော်မြေကွက် တစ်ကွက်သည် လက်ရှိ၌ ကျပ်သန်း ၄,၀၀၀ ခန့်ဖြင့်သာ အရောင်းအ၀ယ်ဖြစ်ကြောင်း ဦးသန်းဦးက ပြောသည်။


လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အနည်းငယ် ပြန်ဖြစ်လာသကဲ့သို့ အငှားဈေးကွက် အခြေအ နေလည်း ကောင်းနေကြောင်း စိုင်းခွန် နောင် အိမ်ခြံမြေအကျိုးဆောင်မှ ဦးစိုင်းခွန်နောင်က ပြောသည်။ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားများမှာမူ လုံးချင်းနှင့် ကွန်ဒိုအခန်းများငှားရမ်းမှုများ မြင့်တက်လာ ကြောင်း ၎င်းကဆိုသည်။


Source : 7daydaily

Facebook comments