09-261334475

မြစ်ကူးတံတားစီမံကိန်းတွေရှိနေတဲ့ သန်လျင်နဲ့ဒလ ဘယ်မှာရင်းနှီးမြှုပ်နှံမလဲ

မြစ်ကူးတံတားစီမံကိန်းတွေပြုလုပ်ဖို့ရှိတဲ့ သန်လျင်နဲ့ဒလမြေဈေးကွက်မှာ ဘယ်နေရာကပိုပြီးရင်းနှီးမြှုပ်နှံသင့်လဲဆိုတာ ဝေခွဲခက်စေတယ်လို့ ဝယ်ရောင်းသမားတချို့ကပြောပါတယ် ။
သန်လျင်-သာကေတာမြစ်ကူးတံတားနဲ့ ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းတွေကြောင့် သန်လျင်နဲ့ဒလဘက်ကမြေဈေးနဲ့ကွက်ပြန်ကောင်းလာနိုင်
တယ်လို့သုံးသပ်ထားကြတာပါ ။မြေဈေးနှုန်းတွေကလည်းမူလတန်ဖိုးထက်မြင့်တက်ပြီးသားနေရာတွေရှိပြီးစီးပွားရေးသမားတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေဝယ်ယူထားကြတာများပါတယ် ။တံတားတွေပြီးစီးရင်ပိုပြီးဖွ့ံ့ဖြိုးလာမယ့်နေရာတွေဖြစ်တာကြောင့်ဘယ်နေရာကပိုပြီးရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာကိုတော့ ဝေခွဲရခက်နေကြတယ်လို့သိရပါတယ် ။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘သန်လျင်တံတားပြီးရင် ရင်းနှီးမြှုပ်နှံထားသူတွေအတွက်
တော့အဆင်ပိုပြေလာနိုင်ပါတယ် ၊အထောက်အပံ့ဖြစ်လာနိုင်ပါတယ် ၊ဈေးကွက်ထူးထူးခြားခြား
ပြောင်းလဲတာမျိုးတော့မရှိနိုင်ဘူး ။သန်လျင်ဘက်မှာကနေမယ့်သူတွေနဲ့သီလဝါစက်မှု
ဇုန်ကြောင်စီးပွားရေးသမားတွေအတွက်ပဲအလုပ်ဖြစ်နိုင်မယ် ‘လို့ပြောပါတယ် ။

သန်လျင်နဲ့သာကေတမြစ်ကူးတံတားစီမံကိန်းကလျာထားရုံပဲရှိသေးတာပါ ။မြေဈေးတန်ဖိုးတွေအရသန်လျင်ဘက်က ဈေးမြင့်မှာရှိပြီး
ဒလကတော့သန်လျင်ထက်နည်းပါတယ် ။ရင်းနှီးမြှုပ်နှံသူတွေနဲ့ဝယ်ရောင်းသမားတွေတံတားစီမံ
ကိန်းတွေရှိနေပေမဲ့ဈေးကွက်လှုပ်ခတ်မှုမရှိဘဲမြေပိုက်မိနေမှာစိုးရိမ်နေကြတာဖြစ်ပါတယ် ။

အကျိုးဆောင်ဦးကျော်စွာက ‘အခုလိုဈေးကွက်အခြေအနေမှာစဉ်းစားပြီးအချိန်ယူမှတော်ရုံကျမယ် ၊ဈေးကွက်ကတော့နှစ်ခုစလုံးမှာ အရင်ကတည်းကသူ့နေရာနဲ့သူရှိနေတာကြောင့်ဝယ်တဲ့သူရဲ့
ဆုံးဖြတ်ချက်ပေါ်မူတည်တယ် ‘လို့ပြောပါတယ် ။

သန်လျင်ဘက်ကတော့ ဈေးကွက်ရှိပြီးသားဖြစ်တဲ့အပြင်
လက်ရှိမှာလည်းတံတားကူးလမ်းကျပ်တည်းမှု
ပြသနာကလွဲပြီးအဆင်ပြေနေတဲ့နေရာဖြစ်တယ် ။ဒလကတော့ရေအခက်အခဲတွေ့ပြီးလက်ရှိမှာလည်းဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့နေရာဖြစ်ပါတယ်လို့သိရပါတယ် ။

Source: The Modern

Facebook comments