ရန်ကုန်မြို့တွင် ထပ်မံတည်ဆောက်မည့် ကန်ထရိုက်တိုက်များ၌ ရင်ခွဲအမျိုးအစားဆောက်လုပ်ခွင့် ကန့်သတ်မည်ဆိုခြင်းနှင့် ကားပါကင်ထည့်သွင်းတည်ဆောက်ရမည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
‘‘မြေအကျယ်ပေ ၂၅ ပေ ၅၀ ကိုရင်ခွဲပုံစံပေးမဆောက်တော့ ဘူး။ မြေအကျယ်ပေ ၄၀၊ ပေ၆၀ ကို မြေညီထပ်နေရာမှာ ကားပါ ကင်ထည့်ဆောက်ရမယ်ဆိုတာ တွေ ကြားနေရတော့ လုပ်ငန်းရှင် တွေအကြား တော်တော်ဂယက် ရိုက်နေတယ်’’ဟု ကျော်ဆောက် လုပ်ရေးလုပ်ငန်းမှ ဦးကျော်သိန်း ဌေးက ပြောသည်။
‘‘အခုဟာက ထင်ရာမြင်ရာ တွေပြောနေကြတာ။ တရားဝင် ထုတ်ပြန်မှ အားလုံးသိရမယ့် သ ဘောပါ’’ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီအင်ဂျင်နီယာ အဆောက်အအုံဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့အတွက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ် အသစ်ပြန်လည်ရေးဆွဲမှုသည် ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားထားပြီး ဆောက်လုပ်ခွင့်ပါမစ်အတွက် ယခင်က ဥပဒေ ကို ပိုမိုကောင်းမွန်စေရန် ဖြည့်စွက်ရေးဆွဲခြင်းဖြစ်ကာ အင်ဂျင်နီယာ အသင်းနှင့် ဗိသုကာအသင်းသို့ ချပြပြီးဖြစ်၍ ပြည်သူသိရှိစေရန် မကြာမီထုတ်ပြန်ပေးမည်ဟု ဆို သည်။
လက်ရှိတွင် ကန်ထရိုက် တိုက်တစ်လုံးဆောက်ရန် ဘေး အိမ်များ၏ ထောက်ခံချက်များကို ငွေကြေးများပေး၍ လက်မှတ်များ ထိုးခိုင်းနေရခြင်း၊ လျှပ်စစ်သုံးစွဲမှုတွင် ကီလိုဝပ် ၃၀ ကျော်ပါက ထရန်စဖော်မာများတပ်ဆင်ရမည်ဆိုခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဆိုသည်။
‘‘တိုက်ခန်းဈေးကွက်က အေးနေရုံမဟုတ်ဘူး။ ခဲပါခဲနေပြီ။ ဒီကြားထဲ စည်းမျဉ်းတွေဥပဒေ သစ်တွေ လာမှာအများကြီးပဲလို့ ကြားနေတယ်’’ဟု စေတနာ ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ် ငန်းရှင် ဦးတင်ညွန့်က ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်း အချို့သည် ဆောက်လက်စရပ်နားထားရခြင်း၊ စာချုပ်များကို ပယ် ဖျက်လိုက်ရခြင်းနှင့် ရှောင်ပြေးမှု များအထိပင်ရှိနေပြီဟု လက်ရှိ ဆောက်လုပ်ရေးလောကအခြေ အနေကို ဦးတင်ညွန့်က ရှင်းပြ သည်။
Source:7daydaily