09-261334475

လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများအသင်း တရားဝင်ဖွဲ့စည်းမည်

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာ များအသင်းကို နှစ်ပတ်အတွင်း တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်း မည်ဟု အသင်းအဖွဲ့ဝင် ထွန်း ဆောက်လုပ်ရေးမှ ဦးလှစိန်က ပြောသည်။

‘‘ဦးစီးကော်မတီတွေ ဖွဲ့ မယ်။ ပြီးရင် အလုပ်အမှုဆောင် ၁၈ ဦးကိုဖွဲ့မယ်။ ပြီးတာနဲ့ ၁၄ ရက်အတွင်း တရားဝင်မှတ်ပုံတင် နိုင်အောင် ဆောင်ရွက်သွားမယ်’’ ဟု ဦးလှစိန်က သြဂုတ် ၃၁ ရက် တွင် ရန်ကုန်မြို့၌ ကျင်းပသော လိုင်စင်ရ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းမည့် အခမ်းအနားတွင် ပြောကြားသည်။

သြဂုတ် ၃၁  ရက်က ရန် ကုန်မြို့ ကန်တော်ကြီးရှိ Dolphin စားသောက်ဆိုင်တွင် ကျင်းပ သော လိုင်စင်ရ ကန်ထရိုက်တာ များအသင်း ဖွဲ့စည်းမည့် အခမ်း အနားသို့ ရန်ကုန်မြို့ရှိ လိုင်စင်ရ ကန်ထရိုက်တာ ရှစ်ရာကျော် တက်ရောက်ပြီး အသင်းဝင်အဖြစ် လျှောက်ထားရန် လျှောက်လွှာ များတင်ခဲ့ကြောင်း ပွဲကျင်းပစီစဉ် သူများထံမှ သိရသည်။

 ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက တရား ဝင် ထုတ်ပြန်ထားသော ကိန်း ဂဏန်းများအရ ရန်ကုန်တွင် လိုင်စင်ရ ကန်ထရိုက်တာ ကိုးရာကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယခု ယာယီဖွဲ့စည်းထား သည့် လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်းသည် ရန်ကုန်တွင် လိုင်စင်ရကန်ထ ရိုက်တာ တစ်ထောင့်နှစ်ရာကျော် ရှိသည်ဟု အသင်းယာယီအဖွဲ့ဝင် တော်ဝင်မြန်မာဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးတင်မောင်ဝင်းကဆို သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ကိုယ်စားပြု လွှမ်းခြုံသည့် မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းမှာလည်း တရား ဝင်အသင်းအဖြစ် ရပ်တည်လျက် ရှိသည်။

Source : 7 Day Daily

Facebook comments