တန်ဖိုးသင့် စတီးဖရိန်နဲ့ ဆောက်တဲ့အိမ်လေးတွေ
ခိုင်ခံ့တဲ့စက်ရုံတွေ ရှော့ပင်းမောလ်တွေနဲ့ စူပါမားကတ်တွေကို ဆောက်လုပ်တဲ့အခါ စတီးဖရိန်တွေကို အသုံးပြုပြီး ဆောက်လုပ်တာတွေ အခုချိန်မှာ များပြားလာပါတယ် ။အရင်က အဆောက်အအုံအကြီးကြီးတွေကိုသာ စတီးဖရိန်နဲ့ အဓိကထားဆောက်ခဲ့ပေမယ့်လည်း အခုအခါ လူနေအိမ်တွေကိုပါ တန်းဖိုးသက်သက်သာသာနဲ့ ဆောက်လုပ်နေကြတာဖြစ်ပါတယ် ။‘အစ်ကိုတို့စလုပ်ဖြစ်တာက အစ်ကို့မိဘတွေက ဝန်ထမ်းတွေကို အဲဒီကျတော့သူတို့ပင်စင်ယူသွားရင် တချို့ဆိုရင် နေစရာနေရာတွေမရှိကြဘူး ၊ စုထားတဲ့ငွေရှိပေမဲ့ အိမ်ဆောက်ခတွေကို အရမ်းဈေးကြီးတယ် ၊ သူတို့တွေက မတတ်နိုင်ကြဘူးလေ ၊ အဲဒါကိုမြင်ပြီး တန်ဖိုးသင့်နေအိမ်လေးတွေကို ဆောက်ဖို့ စိတ်ကူးရသွားတာပါ’ လို့ စိုးစံအေးချမ်းဆောက်လုပ်ရေးလုပ်ငန်းက ပရောဂျက်မန်နေဂျာ ကိုသူရိန်က ပြောပါတယ် ။သည်လိုစတီးဖရိန်နဲ့ လူနေအိမ်တွေဆောက်မယ်ဆိုရင် အချိန်တစ်လကျော်လောက် ကြာမြင့်မှာဖြစ်ပြီး နေသာတဲ့အချိန်တွေဆိုရင် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြီးစီးနိုင်ပါတယ် ။ သည်အိမ်တွေကို စတီးတွေနဲ့ ဖရိန်ချပြီး အင်္ဂတေနဲ့ဆောက်တာဖြစ်ပါတယ် ။ တစ်ထပ်အိမ်တွေ ဆောက်နိုင်သလို နှစ်ထပ်အိမ်တွေကိုပါ ဆောက်နိုင်မှာပါ ။ ကုန်ကျမှု ကျပ်သိန်း ၁၅၀ ကျော် ၂၀၀ နီးပါး ရှိနိုင်တယ်လို့ သိရပါတယ် ။သည်စတီးဖရိန်အိမ်လေးတွေက အချိန်ကုန်လူပင်ပန်း သက်သာစေမှာပါ ။ သည်အိမ်တွေက လေဒဏ် ၊ မိုးဒဏ်၊ ငလျင်ဒဏ်တွေကိုလည်း ခံနိုင်မှာဖြစ်ပါတယ် ။Source: The Kumudra
Facebook comments