09-261334475

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၃၈ သန်းကျော်ရှိ

သီလ၀ါအထူးစီးပွားရေး ဇုန်တွင် ယခုနှစ်ဇူလိုင်အထိ ရင်း နှီးမြှုပ်နှံမှုပမာဏသည် အမေရိ ကန် ဒေါ်လာ ၈၃၈ သန်းကျော် ရှိပြီး စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုအများဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

လက်ရှိတွင် သီလ၀ါအထူး စီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၄ နိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး စင် ကာပူနိုင်ငံက ဒေါ်လာ ၃၇၂ သန်း ကျော်ဖြင့် ပမာဏအများဆုံး ရင်း နှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန် ကြားရေးမှူးတစ်ဦးကပြောသည်။

ထို့အပြင် ဂျပန်နိုင်ငံက ဒေါ် လာ ၂၅၈ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ သန်း ၆၀ နှင့် ဟောင် ကောင်က ဒေါ်လာ ၃၈ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သ တင်းရရှိသည်။

လက်ရှိတွင် သီလ၀ါအထူး စီးပွားရေးဇုန်၌ စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက် ပံ့ရေးကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ၊ ကုန်စည်ရောင်းဝယ်ရေးကဏ္ဍနှင့် အိမ်ရာ အဆောက်အအုံတည် ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတို့တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ရင်းနှီးမြှုပ် နှံထားပြီး စက်မှုကဏ္ဍတွင်ဒေါ်လာ ၆၄၉ သန်းကျော်ဖြင့် ပမာဏ အ များဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သတင်းရရှိသည်။

ကျန်ကဏ္ဍများဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် ထောက် ပံ့ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၇၀ ခန့်၊ ၀န်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၅၅ သန်း၊ ကုန်စည် ရောင်းဝယ်ရေးကဏ္ဍတွင် ကန် ဒေါ်လာ ၄၁ သန်းကျော်နှင့် အိမ် ရာအဆောက်အအုံတည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍတွင် ကန်ဒေါ်လာ ၂၂ သန်းအထိ ရင်းနှီးမြှုပ်နှံထား ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် စာရင်းများတွင် ဖော် ပြထားသည်။

ထို့ပြင် သီလ၀ါအထူးစီးပွား ရေးဇုန်၏ ရင်းနှီးမြှုပ်နှံမှုသည် နောင်နှစ် အနည်းငယ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးလာနိုင်ပြီး ကုန်ပစ္စည်းထုတ် လုပ်တင်ပို့မှု ကန်ဒေါ်လာ သန်း ၃၅၀ ရရှိမည်ဟု သီလ၀ါအထူးစီး ပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ခန့်မှန်းထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန် သည် ၂၀၁၅ အောက်တိုဘာတွင် လုပ်ငန်း စတင်လည်ပတ်နိုင်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံး တည် ထောင်နိုင်ခဲ့သည့် အထူးစီးပွား ရေးဇုန်ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြန်မာ နိုင်ငံက ၅၁ ရာခိုင်နှုန်းနှင့် ဂျပန် နိုင်ငံက ၄၉ ရာခိုင်နှုန်းဖြင့်လည် ပတ်နေသည့် စီမံကိန်းဖြစ်သည်။


Source: 7DayDaily

Facebook comments