ဂျန်းရှင်းစီးတီးတာဝါ နှင့် ဂိုးလ်ဒင်းစီးတီး အိမ်ရာစီမံကိန်းတို၏ ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်း တည်ဆောက်ပြီးစီးမှုအခြေအနေ
ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ လက်တလောပြီးစီးမှုအခြေအနေတွေကတော့ …..ဂျန်းရှင်းစီးတီးတာဝါအဆိုပါစီမံကိန်းကိုတော့ မြို့တော်စည်ပင်နဲ့ ရွှေတောင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပါတယ် ။ လက်ရှိမှာတော့ ၇၀ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး service residence ပါဝင်တဲ့ ဒုတိယအဆင့်ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းမှာ ဆောက်လုပ်လျက်ရှိပြီး စတုရန်းမီတာ ၃၄,၀၀၀ ကျယ်ဝန်းပါတယ် ။အကျိုးအမြတ်အနေနဲ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၅၁.၆၃ ရာခိုင်နှုန်း ၊ ရွှေတောင်ကုမ္ပဏီက ၄၈.၇ ရာခိုင်နှုန်းနဲ့ ကားပါကင်နေရာကိုတော့ ၅၀ ရာခိုင်နှုန်းစီ သတ်မှတ်ထားတယ်လို့ သိရပါတယ် ။ စီမံကိန်းကိုတော့ ၂၀၁၃ ခုနှစ်ကစတင်ကာ ခွင့်ပြုချက်ရရှိပြီး ဆောက်လုပ် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ် ။ဂိုးလ်ဒင်းစီးတီး အိမ်ရာစီမံကိန်းဂိုးလ်ဒင်းစီးတီး အိမ်ရာစီမံကိန်းကတော့ အကြမ်းထည်အဆောက်အအုံ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး မကြာခင်လအတွင်းမှာ အဆောက်အအုံအတွင်းပိုင်းပြင်ဆင်တာနဲ့ အချောသတ်လုပ်ငန်းတွေ ပြီးစီးပါက ဝယ်ယူထားတဲ့ အခန်းပိုင်ရှင်တွေကို သော့အပ်နှံသွားမှာ ဖြစ်ပါတယ် ။ အဆောက်အအုံကို စင်ကာပူနိုင်ငံက ဆောက်လုပ်ရေးပညာရှင်တွေက တည်ဆောက်နေတာဖြစ်ပါတယ် ။ စီမံကိန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်အပြီးတည်ဆောက် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ် ။ အထပ်မြင့်အနေနဲ့ ၃၃ ထပ်မြင့်ပြီး စီမံကိန်းတစ်ခုလုံးကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံနဲ့ တည်ဆောက်နေတာဖြစ်ပါတယ် ။ အဆိုပါအိမ်ရာ စီမံကိန်းအတွင်းမှာတော့ နိုင်ငံတကာအဆင့်မီ ဟိုတယ် ၊ ရှော့ပင်းမော ၊ ရုံးခန်းတွေနဲ့ အဆင့်မြင့်လူနေအိမ်ရာတွေ ပါဝင်မှာ ဖြစ်ပါတယ် ။Source: Modern Journal
Facebook comments