စက်မှုဇုန်တိုးချဲ့အဆင့်မြှင့် ဈေးကွက် ပြန်ကောင်းလာနိုင်
စက်မှုဇုန်တချို့ကို ပြန်လည်တိုးချဲ့ပြီး အဆင့်မြှင့်နေတာတွေကြောင့် စက်မှုဇုန်ဈေးကွက် ပိုကောင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးဆောင်တချို့က ပြောပါတယ်။စက်မှုဇုန်မြေဈေးတွေ ဈေးကျနေ တယ်ဆိုတာက ဈေးနှုန်းအများကြီး ကျဆင်းတာမျိုးမဟုတ်ဘဲ အငှားဈေးကွက်ကတော့ သွက်တယ်လို့ သိရတယ်။ စက်မှုဇုန်တွေကို ပြန်လည်အဆင့် မြှင့်တင်မှုပြုလုပ်နေတာတွေကလုပ်ငန်းလုပ်ချင်တဲ့လုပ်ငန်းရှင်တွေအတွက် ပိုပြီးကောင်းစေပါတယ်။စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဌေးဝင်းက “ဇုန်အားလုံးကို အဆင့်မြှင့်ပြုပြင်မယ်ဆိုကောင်းတာပေါ့၊ အခုဈေးက သာရနေတာ အခြေခံလိုအပ်ချက်တွေ မပြည့်စုံသေးတဲ့ ဇုန်တွေရှိနေသေးတယ်၊ ပြန်ပြီြးုပုပြင်တယ်ဆိုနိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဒီထက်ပိုဝင်လာရင်နေရာက အစအဆင်ပြေမယ်၊ စက်မှုဇုန်ဈေးကွက်လဲ ပိုကောင်းလာမယ်”လို့ ပြောပါတယ်။လက်ရှိမှာ လှိုင်သာယာစက်မှုဇုန်ကို တိုးချဲ့မြှင့်တင်ရာမှာ လိုအပ်ချက်တွေ ဖြစ်နေတဲ့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေကို လုပ်ဆောင်နိုင်မယ့် မူဝါဒတွေ ချမှတ်ဖို့ ရှိတယ်လို့သိရတယ်။ လက်ရှိ စက်မှုဇုန်တွေမှာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းနည်းနေသေးတာကြောင့် ပိုပြီးတိုးမြှင့်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘စက်မှုဇုန်ဈေးကျတယ်လို့သာပြောတာပါ၊ တချို့က ဈေးစုံစမ်းနေတာတွေရှိတယ်၊ ဈေးချရောင်းတဲ့သူတွေ မရှိဘူး၊ အရှုံးခံပြီးတော့ ရောင်းတာနည်းပါတယ်၊ မရှိသလောက်ပဲ ၊ လုပ်ငန်းမလုပ်တဲ့ အကွက်တွေ ပြန်သိမ်းမယ့်ကိစ္စကြောင့် အငှားဈေးကွက်က ပိုကောင်းလာတယ်၊ ငှားလာတဲ့အထဲမှာ နိုင်ငံခြားသားတွေ၊ တရုတ်တွေလဲ များလာတယ်”လို့ ပြောပါတယ်။စက်မှုဇုန်တွေမှာ အရင်ငှားထားသူတွေက ဆက်ငှားကြတာတွေရှိသလို နောက်ဆက်ငှားမယ့် သူကလည်း ကြိုတင် စရန်ချနေပြီ။ တချို့တွေဆို စက်ရုံဆောက် လုပ်နေတုန်း ငှားမယ့်သူက ကြိုတင်ချိတ်ထားတာတွေလည်း ရှိတယ်လို့ သိရတယ်။ မြေပြန်သိမ်းယူမှာ ဖြစ်တာကြောင့် အဆောက်အအုံဆောက်လုပ်ကြတဲ့သူတွေကလည်း ငွေပိုမြှုပ်တယ်ဆိုပေမဲ့ အငှားတန်းရတာတွေကြောင့် ငွေပြန်ပေါ်ကြတယ်။ ဒါတွေကြောင့်လည်း ဈေးချရောင်းတာမျိုးတွေနည်းပြီး အငှားဈေးကွက်ဘက်ကို လှည့်ကြတာတွေ များနေတယ်လို့ အကျိုးဆောင်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။Source: The Kumudra
Facebook comments