စရိတ်စောင့်နေကြရလို့ အစိုးရတင်ဒါလုပ်ငန်းတွေ ငွေကြေးခက်ခဲ
အစိုးရရဲ့တင်ဒါလုပ်ငန်းတွေကို တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်တဲ့လုပ်ငန်းတွေအနေနဲ့ အပိုင်းလိုက်ငွေပေးချေတာနဲ့ တည်ဆောက်စရိတ်စောင့်ဆိုင်းရတဲ့အခက်အခဲတွေကြောင့် တခြားလုပ်ငန်းတွေမှာ ငွေကြေးလည်ပတ်ဖို့ခက်ခဲနေကြတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။‘အဓိကပြဿနာတွေကလုပ်ငန်းအဆင့်ဆင့်တင်ရတယ်၊ ကိုယ့်ဘက်က အားလုံးပြီးစီးနေရင်တောင် ဌာနဆိုင်ရာက QC ကလာမစစ်သေးရင် ကျန်တဲ့ငွေကိုထုတ်မပေးဘူး၊ ဆောက်လုပ်တဲ့စီမံကိန်းတွေကိုလဲ မကြိုက်ရင်အစက ပြန်ဆောက်ပေးရတာတွေရှိတယ်လို့ UK ဆောက်လုပ်ရေးက မန်နေဂျာကိုထက်ဝေက ရှင်းပြပါတယ်။အစိုးရက ဆောက်လုပ်ခိုင်းတဲ့ စီမံကိန်းတွေရဲ့ငွေပေးချေမှုတွေကတော့ ပထမအရစ်ငွေကို ဖောင်ဒေးရှင်းပြီးစီးမှသာ စတင်ထုတ်ပေးတာဖြစ်ပြီးဌာနကသတ်မှတ်ထားတဲ့ အထပ်အလိုက်ပြီးစီးမှသာ ငွေပေးချေတာဖြစ်ပါတယ်။ တချို့စီမံကိန်းတွေမှာ တည်ဆောက်ပြီးစီးချိန်မှာငွေအကျေရဖို့ ခြောက်လလောက်စောင့်ဆိုင်းရတာတွေရှိပါတယ်။ အစိုးရနဲ့တင်ဒါ စတင်ခေါ်ယူချိန်ကစပြီး အဆင့်ဆင့်လုပ်ငန်းတင်ပြရတာတွေရှိသလို ဒီဇိုင်းပရိုပိုဆယ်နဲ့ ဆောက်လုပ်ခွင့်ရရှိဖို့ နှစ်ဝက်လောက်စောင့်ဆိုင်းရတာတွေလည်း ရှိပါတယ်။ဒါကြောင့်ဝန်ကြီးဌာနတင်ဒါယူထားသူတွေအနေနဲ့ ငွေကြေးကို အနည်းဆုံးတစ်နှစ်ကျော် ရင်းနှီးမြှုပ်နှံရပြီးတခြားလုပ်ငန်းဘက်တွေလှည့်ဖို့ခက်ခဲတာတွေရှိပါတယ်။ တချို့အလုပ်သမားပုတ်ပြတ်နဲ့ စေခိုင်းကြတဲ့လုပ်ငန်းတွေမှာ ဆိုရင် အားလုံး တည်ဆောက်ပြီးမှ ပြန်ဖြိုဆောက်ရတာနဲ့ ပြုပြင်ပေးရတာတွေကြောင့်တွက်ခြေမကိုက်တာတွေရှိတယ်လို့သိရပါတယ်။‘ဝန်ကြီးဌာနစီမံကိန်းတွေကျတော့အဆင့်ဆင့်လာစစ်ကြတာများတော့မကြိုက်ရင်လဲအကုန်ပြီးမှသိရတော့တစ်ခါတလေ အချိန်ကြန့်ကြာရတယ်လို့ ကိုထက်ဝေကပဲ ပြောပါတယ်။Source: The Kumudra
Facebook comments