09-261334475

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရန် အောက်တိုဘာလတွင် တင်ဒါခေါ်မည်

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန် JICA အဖွဲ့၏အကူအညီဖြင့် အောက်တိုဘာလတွင် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း၊ မြန်မာ့မီးရထား(နေပြည်တော်)မှ အထွေထွေမန်နေဂျာ ဦးဘမြင့်က News Watch သို့ ပြောသည်။

''ရန်ကုန်-မန္တလေး ရထားလမ်းတလျှောက်လုံးကို အဆင့်မြှင့်တင်ဖို့ ဂျပနိုင်ငံ JICA ရဲ့ အကူအညီနဲ့တင်ဒါခေါ်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းလုပ်ဆောင်ဖို့ ဂျိုက်ကာအကူအညီနဲ့ အကြံပေး ကုမ္ပဏီကို တင်ဒါခေါ် ယူဖွဲ့စည်းခဲ့ပါတယ်။ အဆင့်မြင့်တင်မယ့်လုပ်ငန်းတွေကတော့ ရန်ကုန်-မန္တလေး ရထားလမ်းတလျှောက်ရထားအချက်ပြစနစ်ပြုပြင်တဲ့လုပ်ငန်း၊ လမ်းပြင်တဲ့လုပ်ငန်းနဲ့ DEN လို့ခေါ်တဲ့ ဒီဇယ်စက်ခေါင်းတွဲတွေ ၀ယ်ယူရေးလုပ် ငန်းဖြစ်ကြပါတယ်။ ပထမဆုံး ရန်ကုန်- တောင်ငူ ရထားလမ်းပိုင်းကို အဆင့်မြှင့် ရေးတင်ဒါခေါ်ဖို့အတွက်အချက်အလက်တွေကို မြန်မာ့မီးရထားကနေပြီးတော့ အကြံပေးကုမ္ပဏီကို ပေးပို့ပြီးပါပြီ။ သူတို့ဘက်က အတည်ပြုပြီးတာနဲ့ အစိုးရကနေ တင်ဒါခေါ်မှာ ဖြစ်ပါတယ်။ အောက်တိုဘာ လလောက်မှာ တင်ဒါခေါ်နိုင်မယ်လို့ ထင်ပါတယ်''ဟု ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် တင်ဒါခေါ်ယူရာတွင် မြန်မာ-ဂျပန် ဖက်စပ် ကုမ္ပဏီများ သာ တင်ဒါလျှောက်ထားခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ် ချက်နှင့်ကိုက်ညီသော ကုမ္ပဏီများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မီးရထားလုပ်ငန်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ရရှိလာသော နိုင်ငံခြားချေးငွေပေါ်မူတည်၍ ရထားတွဲသစ်များကိုလည်း ၀ယ်ယူသွားမည်ဖြစ်ကြောင်း အစိုးရသစ်လက်ထက်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ရထားတွဲ ၂၀၀ အား ၀ယ်ယူရန် ညှိနှိုင်းထားကြောင်း ဦးဘမြင့်က ဆက်လက်ပြောသည်။

''ဘတ်ဂျက်ရသလောက်နဲ့ ရထားတွဲသစ်တွေဝယ်ဖို့ ကြိုးစားနေပါတယ်။ ရထားတွဲဝယ်တာ နှစ်မျိုးရှိတယ်။ နိုင်ငံ တော်အစိုးရရဲ့ နိုင်ငံခြားချေးငွေနဲ့ဝယ်တာ ရှိတယ်။ ကိုယ်ပိုင်ငွေနဲ့က ၀ယ်ဖို့ငွေမလုံလောက်တဲ့အတွက် ဆက်စပ်ပစ္စည်းတွေဝယ်ပြီး မြန်မာနိုင်ငံရှိ မီးရထားစက်ခေါင်းစက်ရုံမှာ ပြန်လည်ထုတ်လုပ်တာတွေရှိတယ်။ အခု ကိုရီးယားနိုင်ငံက ရထားတွဲ တွေဝယ်ဖို့ လုပ်တေယ်။ ပထမအနေနဲ့ ရထားတွဲ ၁၀၀ ၀ယ်မယ်။ နောက်ထပ်တွဲ ၁၀၀ ၀ယ်ဖို့လည်း ညှိနှိုင်းထားတယ်''ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရန် JICA မှလေ့လာစမ်းသပ်မှုများ ဆောင်ရွက် နေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး (ပဲခူး လမ်းပိုင်း) ကြီးကြပ်ရေးမှူး ဦးကျော်မျိုးလွင်က News Watch သို့ ပြောသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်မှုနှင့်ပတ်သက်ပြီး တင်ဒါ ရွေးချယ်ပြီးပါက ၂၀၁၇ခုနှစ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် လုပ်ငန်း အားလုံးပြီးစီးရန်လျာထား ကြောင်း သိရသည်။

Source: News Watch

Facebook comments