09-261334475

ဒဂုံမြို့သစ် အတွင်းကွက် စံနှုန်း သိန်း ၂ဝ ခန့် ပိုများမည်ဟု သတင်းထွက်ပေါ်နေ

ယခုနှစ်အတွင်း ရန်ကုန်မြို့၏မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်းအသစ်တွင် ဒဂုံမြို့ သစ်အတွင်းကွက်များအတွက် သတ်မှတ်ထားမှုမှာ ယခင်ကထက် ကျပ်သိန်း ၂ဝ ခန့်များလာမည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောဆိုနေကြသည်။ ''မထုတ်ပြန်သေးတော့ သေချာတော့မသိရသေးပါဘူး။ တစ်ဆင့်စကားတွေနဲ့ပြောနေ ကြတာပါပဲ။ စံနှုန်းလဲ ထပ်တိုးမယ်၊ ဝင်ငွေခွန်လဲ တိုးထားတာ။ ဒါတွေကို ဒီနှစ်ပြောင်း ပေးမယ်။ မပြောင်းပေးဘူးကလဲ မသေချာတော့ တကယ်အခွန်ဆောင်ပြီး ဝယ်သူတွေ အတွက် ဈေးများတယ်''ဟု ဝသုန်အကျိုးဆောင်လုပ်ငန်းမှ ဦးဝင်းမောင်က ပြောသည်။

ယခင်စံနှုန်းများမှာ လမ်းအတွင်းပိုင်းမြေကွက်များကို ကျပ်သိန်း၃ဝဝအဖြစ် တန်ဖိုးသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး စံနှုန်းအသစ်မှာ ကျပ်သိန်း ၃၂ဝ ဖြစ်မည်ဟု အကျိုးဆောင်အသိုင်းအဝိုင်းမှ ပြောဆိုနေကြခြင်းဖြစ်သည်။ ယခုနှစ် တစ်နှစ်တာအတွက် စံနှုန်းသတ်မှတ်ချက်မှာ ယခင်ကထက်များလာပါက ဝင်ငွေခွန်နှုန်းထားများအား ပြန်လည်လျော့ပေးသင့်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ ''စံနှုန်းတွေထွက်လာမှာနဲ့ ဝင်ငွေခွန်နှုန်းထား ပြောင်းမပြောင်းကို အမည်ပြောင်းချင် သူတွေက စောင့်ကြည့်နေကြတာ စံနှုန်းတိုးပြီး ဝင်ငွေခွန်နှုန်းထား ပြန်လျှော့ပေးမလားလို့ပါ။ စံနှုန်းက ဝင်ငွေခွန်ဆောင်ရမည့်တန်ဖိုးကို သတ်မှတ်ထားတာဆိုတော့ အခြေအ နေစောင့်ပြီး မပြောင်းကြသေးတာတွေလဲရှိတယ်''ဟု ဝါရင့်အကျိုးဆောင် ဦးမောင်မောင် ထွန်းက ဆိုသည်။

ဒဂုံမြို့သစ်အတွင်းကွက်များအတွက် မသိနိုင်သေးသော်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှ ညှိနှိုင်းထားချက်များအရ ယခုနှစ်အတွက် မြို့နယ်အလိုက် အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းသစ်များမှာ ယခင် နှစ်များထက် လျော့နည်းပြီး သင့်တင့်သည့်နှုန်းထားတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဒုဥက္ကဋ္ဌ(၁) ဦးသန်းဦးက ပြောသည်။ အိမ်ခြံမြေစံနှုန်းထားများနှင့် ဝင်ငွေခွန်နှုန်းထားများကို ယခင်နှစ်များက အောက်တိုဘာလဝန်းကျင်၌သာ ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။ အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းများကို အိမ်ခြံမြေအရောင်းအဝယ် တည် ဆောက် မှုနှင့်ပြုပြင်ခြင်းများအပေါ် အခွန်ထမ်းဆောင်ရာ၌ ပြောင်းလဲလာသော ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရှိစေရန် ပြင်ဆင်သတ်မှတ်ခြင်းဖြစ်သည်။

Source : Yangon Times

Facebook comments