ဈေးကွက်အေးနေတဲ့ အိမ်ခြံ မြေ အခြေအနေပြန်လည် ဦး မော့လာအောင် အခွန်နှုန်းထားတွေ လျှော့ချဖို့လိုအပ်တယ်လို့ အိမ် ခြံ မြေဝန်ဆောင်မှု လုပ်ကိုင်သူအချို့က သုံးသပ်ပါတယ်။
‘အစိုးရ အပြောင်းအလဲမှာ တုန်း က လဲ မူဝါဒတွေ ဘယ်လိုလာမယ်ဆိုတာ မသိ သေးတော့ ဈေးကွက်က ငြိမ်တယ်၊ အစိုးရ သစ်ပြောင်းပြီး သိပ်မကြာဘူး၊ မန္တလေး တိုင်း မြို့တော်ဝန်က မြေဈေးနှုန်းတွေ လျှော့ချမယ်လို့ ပြောလိုက်တုန်းကလဲ တစ် နိုင်ငံလုံး ဈေးကွက်ငြိမ်သွားတယ်၊ အခုထိ ကို အိမ် ခြံ မြေဈေးကွက်က ငြိမ်နေတာ တစ် မြို့တည်းမဟုတ်ဘူး၊ တစ်နိုင်ငံလုံး ဖြစ်နေ တာပါ နောက်တစ်ခုက အခုရက် ၁၀ဝ အ တွင်း မှာ အစိုးရ အနေနဲ့ မူဝါဒတွေကို ပြတ် ပြတ်သားသားချမှတ်ပြီး အကောင် အ ထည်ဖော်တာ မရှိဘူး၊လိုင်စင်မဲ့ ကားတွေ သိမ်းမယ်ဆိုပြီး အခုထိ တစ်နိုင်ငံလုံး သိမ်း ဆည်း တာ မရှိသေးဘဲ ရပ်နေပြန်တယ်၊ မူဝါဒတွေကို စမ်းသပ်နေတယ်လို့ ထင် တယ်၊ ဒါကြောင့် ဈေးကွက်မှာ ဘာမှ လုပ် လို့ကို မရတာ’လို့ တာချီလိတ်အိမ် ခြံ မြေ ဝန်ဆောင်မှုအသင်းမှ ကော်မတီဝင် တစ် ဦးဖြစ်သူ ဦးဝင်းကျော် က ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ အခွန် ဥပ ဒေ သစ်ဖြင့် အခွန်စည်းကြပ်မှုတွေကို ၂၀၁၆ ခုနှစ် မေလမှ စတင်ကာ ယခင်ထက် ငါးဆ တိုးမြှင့်လိုက်တာကြောင့် အရောင်း အဝယ် အေးတာဖြစ်တယ်လို့ အိမ်ခြံမြေ အရောင်းအဝယ် လုပ်သူတွေက ဆိုပါတယ်။
‘ဈေးကွက် တစ်ခုလုံးကို ငြိမ်တာ အ ရင် က အရောင်းမဖြစ်ရင် အပေါင်ဖြစ်သေး တယ်၊ အခုက အပေါင်၊ အရောင်း၊ အငှား တွေ အကုန်လုံး အေးတာ၊ အစိုးရ သစ် တက်ရင် မူဝါဒ အသစ်တွေ ချမှတ်ပြီး ဈေးကွက်ကောင်းလာမယ် မျှော်လင့်ထားတာ၊ အခုတော့ အိမ် ခြံ မြေ လောကကလူတွေ အကုန်လုံးနီးနီးထိုင်နေရတယ်၊ ရန်ကုန် ၊ မန္တလေး၊ တောင်ကြီး အကုန်အေးတယ်၊ အိမ်ရာစီမံကိန်း ဆောက်မယ့် အစီအစဉ် တွေလဲ အစိုးရရဲ့ပေါ်လစီချတာတွေတည် ငြိမ်မှုမရှိလို့ အကုန်နားထားတယ်၊ ရှမ်း ပြည် နယ်ထဲမှာဆိုရင် အိမ်ရာစီမံကိန်း တွေ လဲ နားထားတယ်ကြားတယ်’လို့ တာချီ လိတ်မြို့မှာ အိမ် ခြံမြေဝန်ဆောင်မှု လုပ် ကိုင် သူ ကိုဆန်းဝင်းက ပြောပါတယ်။ အိမ်၊ ခြံ၊မြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားသူ တွေ အနေနဲ့ အရောင်းအဝယ် ပြုလုပ်တိုင်း အခွန်ငွေ ပေးဆောင်ရမှာ ဖြစ်တာကြောင့် မူလတန်ဖိုးထက် ပိုမြင့်သွားမှာ ဖြစ်လို့ အ ဝယ်နည်းသွားတယ်လို့ သိရပါတယ်။
Source: Kumudar