မြေပိုင်ဆိုင်မှုလျှောက်ထားမှု အထောက်အထားတချို့ ဖြေလျှော့ မြေပုံမြေရာဇဝင်ကူးခနှုန်းထား ပြင်ဆင်ကောက်ခံ
မြေပိုင်ဆိုင်မှုအထောက်အထား လျှောက်ထားမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ဖြေလျှော့ဆောင်ရွက်မှုတွေနဲ့ မြေပုံမြေရာဇဝင်ကူးယူခနှုန်းထားတွေ ခေတ်နဲ့အညီ ပြင်ဆင်ကောက်ခံထား တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။“လျှောက်ထားသူတွေ အဆင်ပြေ အောင် one sotp service နဲ့လုပ်ပေးထားတယ်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန စီမံခန့်ခွဲမှုလက်အောက်က စက်မှုဇုန်မြေတွေ၊ ပါမစ်မြေကွက်တွေ အကုန်လုံးကိုလုပ်ထုံးလုပ်နည်းဖြေလျှော့ပေးထားတယ်” လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန် က ပြောပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက် မှာရှိတဲ့ မြေတွေအကုန်လုံးကို နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်နဲ့ ရန်ကုန်မြို့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က အိုးအိမ် ရုံးဌာန တွေမှာ သွားရောက် လျှောက်ထားလို့ရပါ တယ်။ လျှောက်ထားသူအနေနဲ့ ပိုင်ဆိုင်မှု အထောက်အထား မူရင်း၊ မိတ္တူ၊နိုင်ငံသား စိစစ်ရေးကတ်ပြား၊ မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း သက်ဆိုင်ရာရုံးရဲ့ ထောက်ခံချက်မူရင်း စတာတွေပြပြီး လာရာက် လျှောက်ထားနိုင်ပါတယ်။ခေတ်နဲ့အညီ ပြောင်းလဲကောက်ခံတဲ့ မြေပုံမြေရာဇဝင်နှုန်းထားတွေကတော့ မြို့ သစ်မြို့နယ်တွေဖြစ်တဲ့ ဒဂုံလေးမြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ မှော် ဘီ၊ ကျောက်တန်းစတဲ့မြို့နယ်တွေမှာတော့ မြေအကျယ် ဝ့  ၂၅ ဧက (၁၀,၉၀ဝ စတုရန်းပေ) ကို မြေပုံရာဇဝင်ကူးခ ကျပ် ၁၀,ဝ၀ဝ ၊ မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေ ဖြစ်တဲ့ မြောက်ဥက္ကလာ၊ ဒေါပုံ၊ သာကေတ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာစတဲ့ မြို့နယ်တွေမှာတော့ မြေအကျယ် ဝ့  ၂၅ ဧက (၁၀,၉၀ဝ စတုရန်းပေ) ကို မြေပုံမြေရာဇဝင် ကူးခ ကျပ် ၁၂,ဝ၀ဝ နဲ့ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ဆိပ်ကမ်း၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန် ကင်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ သင်္ဃန်း ကျွန်း၊ ဗဟန်း စတဲ့မြို့နယ်တွေမှာတော့ မြေအကျယ် ဝ့  ၂၅ ဧက (၁၀,၉၀ဝ စတု ရန်းပေ) ကို မြေပုံမြေရာဇဝင်ကူးခ ကျပ် ၁၅,ဝ၀ဝ နဲ့ ပြင်ဆင်သတ်မှတ်ထားတာဖြစ်ပါတယ်။မြေငှားစာချုပ် (ဂရန်) လျှောက်ထား တာနဲ့ပတ်သက်တဲ့ မြေပုံရေးကူးခကိုတော့ ပုံသေအနေနဲ့ ကျပ် ၅၀ဝ၀ သတ် မှတ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ မေ လ ၂၀ ရက်နေ့ကစတင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လာရောက်လျှောက်ထားသူ ၄၀ဝ ကျော်ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။Source: The Kumudra
Facebook comments