အမေရိကန် အိမ်ခြံမြေကဏ္ဍတွင် ဆောက်လုပ်ရေးသုံးစွဲစရိတ်များ လျော့ကျလာ
အမေရိကန် အိမ်ခြံမြေတည်ထောင်မှုနယ်ပယ်တွင် ဆောက်လုပ်ရေးဆိုင်ရာ သုံးစွဲစရိတ်ပမာဏ မှာ ပြီးခဲ့သော ၃ လဆက်တိုက် ကျဆင်းခဲ့ပြီးနောက် နိုင်ငံ၏ဂျီဒီပီထုတ်လုပ်မှုပမာဏမှာ ကျဆင်းသွား ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။အမေရိကပြန်နယ်များအတွင်းရှိ အိမ်ခြံမြေတည်ထောင်မှုများတွင် ဆောက်လုပ်ရေးအတွက် အသုံးပြုသည့်စရိတ်မှာ ၂၀၁၅ ခုနှစ် ဇွန်လနောက်ပိုင်း ၀.၆ ရာခိုင်နှုန်း ကျဆင်းခြဲ့ပီး ယခုနှစ်မေလတွင် ၀.၁ ရာခိုင်နှုန်း ဆက်လက်ကျဆင်းခဲ့သည်။ ထို့ကြောင့် အမေရိကန်စီးပွားရေးဝန်ကြီးဌာနက ပြည်နယ် အသီးသီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာလည်း လွန်ခဲ့သော နှစ်ထက်စာလျှင် အရှိန်အဟုန်ကျဆင်းလာခဲ့ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။ ပြီးခဲ့သော ဇန်န၀ါရီလမှ မတ်လအတောအတွင်း ပြုလုပ်ခဲ့သော တိုင်းတာမှုတစ်ရပ်တွင် နေအိမ်တည်ဆောက်ခြင်းနှင့် လူနေထိုင်ရန်မဟုတ်သည့် အခြားသော အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းခွင်များမှာ အရှိန် အဟုန်တိုးတက်လာခဲ့သော်လည်း သုံးစွဲစရိတ်မှာမူ သိသိသာသာ တိုးတက်မလာခဲ့သေးကြောင်း ဖော်ပြသွားခဲ့သည်။ဇွန်လအတွင်း၌ ပုဂ္ဂလိက အိမ်ခြံမြေတည်ထောင်မှုမှာ ယခင်အတိုင်း မပြောင်းမလဲ ဆက်လက်ဆောင်ရွက်နေသော်လည်း အစိုးရနှင့်သက်ဆိုင်သည့် ဆောက်လုပ်ရေးစီမံကိန်းများမှာမူ အဖက်ဖက်မှ ကျဆင်းသွားခဲ့ကြောင်း သိရသည်။Source: Golden Hexagon
Facebook comments