09-261334475

အမေရိကန် ဒေါ်လာသန်း ၆ဝဝ ကျော် ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့လယ် စီမံကိန်း မကြာခင် စတင်တော့မည်

First Myanmar Investment (FMI) နှင့် ပြည်ပ စီးပွားရေးလုပ် ငန်းစုများ ပူးပေါင်း၍ ရန်ကုန်မြို့ လယ်ရှိ မီးရထားရုံးချုပ်ဟောင်း နေရာတွင် Peninsula ဟိုတယ်နှင့်Landmark Development တည် ဆောက်ရေး စီမံကိန်း ကိုအမေရိ ကန်ဒေါ်လာ သန်း ၆ဝဝ ကျော် ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း သိရ သည်။၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာ့မီးရထားမှ တစ်ဆင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည်Landmark Development စီမံကိန်းအတွက် အငှားစာချုပ်သစ်နှစ်ခုကို လက် မှတ်ရေးထိုးခဲ့ရာ အဆင့်မြင့်ဘက်စုံ အိမ်ရာတည်ဆောက်ရေးအတွက်   မြေငှား စာချုပ်တစ်ခုနှင့် Peninsula  ရန်ကုန်ဟိုတယ်ပြုပြင်မွမ်းမံ တည်ဆောက်ရေးအတွက် သက် တမ်းနှစ် ၅ဝ စီရှိသည့်စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး အဆိုပါစီမံကိန်းကို စတင်လိုက်ခြင်းဖြစ်သည်။



အဆိုပါLandmark Development တည်ဆောက်ရေးစီမံကိန်း သည်FMI ၁၂ ရာခိုင်နှုန်း၊Yoma Strategic မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီ   ကော်ပို ရေးရှင်းမှ ၃ဝ ရာခိုင်နှုန်း၊ The International Finance Corporation(IFC)မှ ၅ ရာခိုင် နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ၅ ရာခိုင်နှုန်းဖြင့် ပူး ပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး Peninsula Yangon ည ဟိုတယ် စီမံ ကိန်းကိုFMI  ၆ ရာခိုင်နှုန်း၊့ Yoma Strategicမှ ၂၄ ရာခိုင်နှုန်း၊ံHongkong and Shanghai Hotels Limited မှ ၇ဝ ရာခိုင်နှုန်း ဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်သည်။ ‘Landmark Development က ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းကြီးတွေ ပူးပေါင်းဆောက်လုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီစီမံကိန်းက အမေရိကန် ဒေါ်လာသန်း ၆ဝဝ ကျော် ကို ပြည်တွင်း စီးပွားရေးထဲ ကိုရောက်ရှိလာစေမှာဖြစ်ပါတယ်။ ဒီပရောဂျက်ဟာ ရန်ကုန်မြို့လယ် ကို ကောင်းမွန်တဲ့ တိုးတက်မှု ရရှိ လာစေ မှာဖြစ်ပြီး အိမ်ရာ တည် ဆောက်ရေးလုပ်ငန်းများ အတွက် စံသတ်မှတ်ချက် ဖြစ်လာမှာပါ”ဟုFMI၏ အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက   ပြောသည်။



တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးတည် ဆောက်သွား မည်ဖြစ်ပြီး Peninsula  ဇိမ်ခံလူနေအိမ်များ၊ ရုံးအဆောက် အအုံများ၊ ဝန်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများ ပါရှိမည်ဖြစ်ပြီး ဈေးဝယ် စင်တာများဖြင့် ချိတ် ဆက်ထားမည်ဖြစ်သည် ။ မြန်မာ့ မီးရထား ရုံးချုပ်ဟောင်း ကိုလည်း ပင်နီဆူလာဟိုတည် အဖြစ် ရှေးမူ မပျက်ပြုပြင်တည် ဆောက်သွား မည်ဖြစ်ကြောင်း  FMI မှသိရ သည် ။ Landmark  Development  အ တွက် သီးခြား အငှားစာချုပ်နှစ် ခုအား လက်မှတ်ရေးထိုးပြီးနောက်FMI နှင့် မိတ်ဖက်စီးပွားရေးလုပ်ငန်းစု များသည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံ မှု ကော်မရှင်နှင့် သက်ဆိုင်ရာ မှ ခွင့်ပြုမိန့်များရရှိရန် ဆောင် ရွက်နေကြောင်း သိရသည်။ဘက်စုံတည်ဆောက်ရေးစီမံ ကိန်းအတွက်   ပြည်ပချေးငွေ များ အား ၂ဝ၁၇ ခုနှစ်မတ်လ ကုန်တွင် ရရှိမည်ဖြစ်ပြီးBranded Resid­encesတိုက်ခန်းများကို ၂ဝ၁၇ခုနှစ်ဧပြီလတွင် စတင်ရောင်း ချမည်ဖြစ်ကြောင်းFMI ကကြေညာထားသည်။

 

Source : Popular News

Facebook comments