ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ၀င်ငွေခွန် ကင်းလွတ်ခွင့် ပယ်ဖျက်ထားဟုဆို
အသစ်ပြဋ္ဌာန်းမည့် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ အား ၀င်ငွေခွန်ငါးနှစ်ကင်းလွတ် ခွင့် ပယ်ဖျက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။ယခင်အစိုးရ စတင်တာဝန် ယူစဉ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အ၀င်နည်းပါးခဲ့သဖြင့် အခွန်ကင်း လွတ်ခွင့် အခွင့်အရေးဖြင့် ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်ရန်ရည်ရွယ်ပြီး ၂၀၁၂တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၌ ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်အထိပေးခဲ့သည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပ ဒေသည် သက်တမ်းသုံးနှစ်ကျော် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာတစ်ခုအထိ ရှိလာခြင်း၊ နိုင်ငံတော်တွင်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အခွန်ငွေလိုအပ်ခြင်းကြောင့် ၀င်ငွေခွန်ကင်းလွတ်ခွင့်ကို ပယ်ဖျက်ရခြင်းဟု ဦးအောင်နိုင်ဦးက ဆိုသည်။ထို့အပြင် အခွန်ကင်းလွတ် ခွင့်ပေးခြင်းနှင့်ပတ်သက်သောအ မှားများကိုလည်း တွေ့လာရသည် ဟု ဦးအောင်နိုင်ဦးကပြောသည်။ ၀င်ငွေခွန် ကင်းလွတ်ခွင့် မပေး သင့်သည့်လုပ်ငန်းဖြစ်သော အ ရက်၊ ဘီယာ၊ စီးကရက်တို့ကိုပါ ခွင့်ပြုခဲ့ရခြင်းသည် စီးပွားရေး၊လူ မှုရေးကဏ္ဍအတွက်အထောက် အကူမဖြစ်ခဲ့သည့် အမှားမျိုးကြုံ တွေ့ခဲ့ရသည်ဟုဆိုသည်။‘‘MIC ခွင့်ပြုလိုက်တာနဲ့ဝင် ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်ရသွား ကြတယ်။ ဒါကိုတာဝန်ရှိသူတွေ က ၀ိုင်းဝန်းစိစစ်ပြီး အစိုးရသစ် လက်ထက်မှာ ခွင့်မပြုသင့်ဘူးလို့ ဆုံးဖြတ်လိုက်တယ်’’ဟု ဦးအောင် နိုင်ဦးကပြောသည်။အခွန်ကင်းလွတ်ခွင့်သည် လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များသာမက ပြည်တွင်းလုပ်ငန်း ရှင်ကြီးများအတွက်လည်းအခွင့် အရေးတစ်ခုဖြစ်နေကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့ကဝေ ဖန်နေသည်။ အခွန်ကင်းလွတ်ခွင့် ပယ်ဖျက်ခြင်းသည် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအတွက် အတားအဆီး မဖြစ်နိုင်သော်လည်း နိုင်ငံတော် အခွန်ရငွေတိုးလာနိုင်သည်ဟုဆို သည်။အခွန်ကင်းလွတ်ခွင့် မက်လုံး ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မဆွဲဆောင်ဘဲ အခြေခံအဆောက်အအုံများ ပြည့်စုံစွာတည်ဆောက်ထားခြင်း၊ အစိုးရ၏ ကြိုးနီစနစ်များဖြေလျှော့ခြင်း၊ မြေနေရာရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည်တို့သည် အဓိက လိုအပ်ချက်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့တို့က အကြံပြုထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဒေါက်တာမောင်မောင်လေးက ပြောသည်။ဝင်ငွေခွန် ကင်းလွတ်ခွင့် ပယ်ဖျက်သော်လည်း အစိုးရက ဦးစားပေးရင်းနှီးမြှုပ်နှံသင့်သည်ဟု သတ်မှတ်ထားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်များ ခံစားနိုင်သည်ဟုဆိုသည်။ဖွံ့ဖြိုးမှု အားအနည်းဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဦး စားပေးကဏ္ဍဖြစ်လျှင်ဝင်ငွေခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများ တွင် ကင်းလွတ်ခွင့်ငါးနှစ်၊ ရန် ကုန်ကဲ့သို့ ဖွံ့ဖြိုးမှုအားကောင်း သော ဒေသများ၌ ကင်းလွတ်ခွင့်သုံးနှစ်ပေးမည်ဟုသိရသည်။Source: 7DayDaily
Facebook comments