ပြင်ဆင်ရမည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံး ပြန်လည်စစ်ဆေးမည်
စီမံကိန်းဒီဇိုင်းပြင်ဆင်ပြီး အထပ်အရေအတွက် လျှော့ချရမည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံး အတွက် နစ်နာမှုမရှိစေရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန် လည်ဖြေလျှော့ပေးရန် စစ်ဆေးမည် ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။အဆိုပါ အဆောက်အအုံ ၁၂ လုံး ပြန်လည်ဖြေလျှော့ပေးရန် အတွက် လုပ်ငန်းရှင် ခုနစ်ဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ငါးဦး သာ တွေ့ဆုံရန် ကျန်ရှိကြောင်း KBS ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုဘိုဆန်း ကပြောသည်။KBS ဆောက်လုပ်ရေး ကုမ္ပဏီသည် အင်းစိန်လမ်းမပေါ် တွင် ၁၂ ထပ်ခွဲ အဆောက်အအုံ တည်ဆောက်နေပြီး လက်ရှိ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ ဆုံရန် ကျန်ရှိနေသေးသည့် လုပ် ငန်းရှင်ငါးဦးတွင် ပါဝင်သည်။ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ သည့် အမည်မဖော်လိုသူ ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကမူ ၎င်းတို့အား ၀န်ကြီးချုပ်က အ ကောင်းဆုံးဖြစ်စေရန် ဆောင် ရွက်ပေးမည်ဟု နှုတ်ကတိပေးခဲ့ ကြောင်းဆိုသည်။နစ်နာခဲ့သည့် အဆောက်အ အုံ ၁၂ လုံးအတွက် စီမံကိန်းဒီဇိုင်း များ ပြန်လည်တောင်းခံခြင်း၊ ပါမစ်ရထားပုံအဆင့်ဆင့် တင်ပြ ခိုင်းခြင်း၊ ကားပါကင်တွင် သတ် မှတ်ထားသည့် အရေအတွက် လျော့ကျနေခြင်းကို ရှင်းလင်းခိုင်း ခြင်းနှင့် စီမံကိန်းတစ်ခုချင်းစီအ လိုက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တင်ပြခြင်းများ ပြုလုပ် ခိုင်းသည်ဟု အထက်ပါ လုပ်ငန်း ရှင်က ဆိုသည်။‘‘တိုင်း အစိုးရအဖွဲ့က Review ပြန်လုပ်ပေးနေတဲ့ သဘော ပါ။ လုပ်ငန်းရှင်တွေဘက်က အ သနားခံစာတို့၊ နစ်နာမှုတွေရှိ တယ်လို့ ပြောလာတဲ့အခါမှာ ပြန် ပြီး စိစစ်ပေးမယ့်သဘောပါ။ မူလအတိုင်းတော့ အားလုံးကို ပြန် ဆောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ခွင့်ပြုလို့ရတာတွေ ပြန်ခွင့်ပြုပေး မယ့် သဘောလည်းရှိတယ်’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။အထပ်မြင့် ၁၂ လုံးကို ပြန် လည်စစ်ဆေးရန်ရှိ၍ ဒုတိယအ သုတ် စစ်ဆေးထားသည့် ၁၉ လုံး ရလဒ်ကိုမူ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဆက်လက် ထုတ်ပြန်ရန် ကြန့်ကြာနေသည်ဟု ဆို သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်မြို့မှ လက်ရှိ ဆောက်လုပ်ရန် ပြင်ဆင် နေဆဲ၊ ဆောက်လုပ်နေဆဲ အ ဆောက်အအုံ ၁၈၅ လုံးကို ကော် မတီတစ်ရပ်ဖွဲ့ စစ်ဆေးခဲ့ရာ ပထမအသုတ် ၁၂ လုံးတွင် အ ထပ်လျှော့ ဒီဇိုင်းပြင်ရန် ညွှန် ကြားခံရသောကြောင့် ဆောက် လုပ်ရေးလောက၌ ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့သည်။ပြီးခဲ့သည့် မေလ ၂၀ ရက် က ရန်ကုန်မြို့တွင် ယခင် အစိုးရ လက်ထက်က မူအားဖြင့်ခွင့်ပြုခဲ့ သည်ဟုဆိုသော အထပ်မြင့်များ ကို ပြန်လည်စစ်ဆေးရန် ရန်ကုန် တိုင်းဝန်ကြီးချုပ်က ကော်မတီ တစ်ရပ်ဖွဲ့ပြီး စစ်ဆေးမှုများ ပြု လုပ်ရန် ညွှန်ကြားခဲ့သည်။Source: 7DayDaily
Facebook comments