09-261334475

လှိုင်သာယာ စက်မှုဇုန်ကို သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ အဆင့်မြှင့်မည်ဟုဆို

ရန်ကုန်မြို့၏ ဖွံ့ဖြိုး ဆုံးစက်မှုဇုန်တစ်ခုဖြစ်သည့် လှိုင် သာယာ စက်မှုဇုန်ကို သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အခြေခံ အဆောက်အအုံပိုင်းအဆင့် တိုးမြှင့်ရန် စီစဉ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇူလိုင် ၃၀ ရက် တွေ့ဆုံပွဲ၌ ပြောကြားကြောင်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူအချို့က ပြောကြားသည်။

လှိုင်သာယာစက်မှုဇုန်သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအကောင်အထည်ဖော်သည့် စက်မှုဇုန် ဖြစ်ပြီး လက်ရှိ၌ ဖွံ့ဖြိုးမှုအကောင်းဆုံးဖြစ်သည်။ သို့သော် သီလဝါ အထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်ပြီး နောက်ပိုင်း အခြေခံအဆောက် အအုံပိုင်းဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ လမ်းပန်းဆက်သွယ်ရေးတို့ မှာ သီလဝါတွင် အကောင်အ ထည်ဖော်နေသည့် အထူးစီးပွား ရေးဇုန်ထက် နိမ့်ကျနေသည်။ ထို့ အပြင် အခွန်အထူးအခွင့်အရေး ပိုင်းတွင် အထူးစီးပွားရေးဇုန်က ငါးနှစ်အထိ ခွင့်ပြုပေးထားသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်မှုနည်းပါးကြောင်း ယခင် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဟောင်း ဦးမြတ် သင်းအောင်က ပြောကြားသည်။

‘‘အခြေခံ အဆောက်အအုံ ပိုင်း အဆင့်မြှင့်တင်ဖို့အတွက် ငွေကြေးပိုင်းကတော့ ကိုယ်ထူ ကိုယ်ထပဲများတယ်။ အသေးစိတ် ကတော့ ဆက်ဆွေးနွေးရဦးမယ်’’ ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းဆိုင် က ပြောသည်။

ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်လာရန် နိုင်ငံ တော်၏ အခြေခံအဆောက်အအုံ ကဏ္ဍတွင် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍကို အသေးစိတ်မူဝါဒတစ်ရပ် ရေးဆွဲမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒထုတ်ပြန် ပွဲ၌ ပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် အခြေခံအ ဆောက်အအုံပိုင်းဖြစ်သော လျှပ် စစ်မီးနှင့် လမ်းပန်းဆက်သွယ် ရေး၊ ရေနှင့် ရေဆိုးစွန့်ပစ်မှု စသည်တို့မှာ အဓိကကျကြောင်း ဦးအုန်း ဆိုင်က ပြောသည်။

လက်ရှိ လှိုင်သာယာစက်မှု ဇုန်သည် မြေအကျယ်အဝန်း ဧက ၁,၄၀၀ ကျော်ရှိပြီး စက်ရုံပေါင်း ၆၅၀ ကျော် လုပ်ငန်းလည်ပတ်နေ သည်။

ထိုအထဲတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု စက်ရုံသည် ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။

Source: 7DayDaily

Facebook comments