09-261334475

အိမ်ခြံမြေ အရောင်းတင်တဲ့ မြေရှင်တချို့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်းပေးလာ

အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ကျဆင်းနေတာကြောင့် အရောင်းတင်တဲ့ မြေရှင်တချို့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်းလောက်အထိ ပေး လာတာ တွေရှိနေတယ်လို့ အကျိုးဆောင် တချို့ဆီက သိရပါတယ်။

“အိမ်ခြံမြေ ရောင်းထွက်ဖို့ မြေရှင်တွေဘက်က အကျိုးဆောင်ကို တိုက်ရိုက်ဆက်သွယ်ကြသလို အွန်လိုင်းက ကြော်ငြာတာတွေလဲ လုပ်ကြတယ်၊ ဘယ်နည်းနဲ့ ထွက်ထွက်အဝယ်လာလို့ ပွဲဖြစ်ရင် ပွဲခကို ငါးရာခိုင်နှုန်းပေးမယ်လို့ပြောပြီး ရောင်းကြ တယ်” လို့ သုခအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကကိုနန္ဒက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိ အခြေ အနေက တစ်လထက် တစ်လ ဈေးနှုန်းကျ ဆင်းနေတာကြောင့် အွန်လိုင်းက ကိုယ် တိုင် အရောင်းတင်တဲ့ မြေရှင်တွေဟာ ဈေးနှုန်းပြန်လည်ပြင်ဆင်ပြီး ရောင်းချလာကြ ပါတယ်။ 

ဈေးကွက်အတွင်း ဈေးနှုန်းတွေက ပြီးခဲ့တဲ့  ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အရောင်းဘက်မှာ ၂၀ ရာခိုင်နှုန်းလောက်အ ထိ ကျဆင်းလာပါတယ်။ အရောင်းဈေး သိန်းသောင်းကျော်တန်တဲ့လမ်းမတန်းအနီး အကွက်တွေလည်း ၃၀ရာခိုင်နှုန်း လောက်အထိ တအိအိ ကျဆင်းနေတယ် လို့ သိရပါတယ်။

ဈေးနှုန်းက လအလိုက်ကျဆင်းနေ တာတွေရှိလို့ ဝယ်ယူချင်သူတွေဘက်ကလည်း အဝယ်တွေကို ရပ်နားထားပြီး အနိမ့်ဆုံး ဈေးဖြစ်မယ့်အချိန်အထိဆက်လက်စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ မြို့သစ်ဘက်ကမြေကွက်တွေကိုတော့ အဝယ်လိုက်အောင် မြေကွက်ကျယ်ကြီးတွေ မရောင်းတော့ဘဲ ပိုင်းဖြတ်ပြီး အကွက်သေးရိုက်ရောင်းချလာကြပါတယ်။ အကွက်သေးတွေကိုပေ ၂၀ x ပေ၄၀ လောက် အထိ ခွဲခြမ်းရောင်းချပြီး ဈေးနှုန်းတွေကိုလည်းကျပ်သိန်း  ၁၀ဝ အောက် ဖြစ် အောင် အနည်းဆုံးထားရောင်းချကြပါ တယ်။

‘မြန်မာနိုင်ငံမြေဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်မှာက ဈေးကျလေ အဝယ်မရှိ လေပဲ၊ ဒီက လူတွေက ဈေးကျပြီဆိုရင် ထပ်ကျလာမလား စောင့်ပြီး အဝယ်ရပ်သွားကြတာ”လို့ တော်ဝင်မိသားစုကုမဏီကဥက္ကဋ္ဌဦးကိုကိုထွေးက ပြောပါတယ်။

မြေရှင်တွေဘက်က တရားဝင် ကြော် ငြာထားတဲ့ အကျိုးဆောင်ခ ငါးရာခိုင်နှုန်း ကို မြေရှင်ဘက်က ပေးတာဖြစ်ပြီး မြေရှင်နဲ့ ဝယ်လက်တိုက်ရိုက်တွေ့ပြီး အရောင်းအဝယ် ဖြစ်တဲ့ နေရာတွေမှာလည်း အကျိုးဆောင်ခကို ဝယ်လက်အတွက် လျှော့ဈေး အနေနဲ့ ပေးတာတွေ ရှိတယ်လို့ သိရပါ တယ်။

Source: The Kumudra

Facebook comments