09-261334475

ဒဂုံအရှေ့ပိုင်း မြေကွက်လှောင်သူတချို့ကြောင့် အရောင်းအ၀ယ်ဖြစ်

သည်ရက်ပိုင်းတွေမှာ ဈေးကွက်အေးစက်နေခဲ့တဲ့ ဒဂုံအရှေ့ ရပ်ကွက်တချို့ မြေကွက်ဝယ်လှောင်သူတချို့ကြောင့် အရောင်းအ၀ယ်ဖြစ်တာ ပွဲစိတ်လာတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

ဈေးကွက်ပြန်ဖြစ်နေတဲ့ နေရာတွေက ဒဂုံအရှေ့ပိုင်းဘက်ရှိ ၁၃၀၊၁၃၁၊၁၃၂၊၁၃၉၊၁၅၉၊၁၆၀ ရပ်ကွက်တွေဖြစ်တယ်။ပေ၄၀ x ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၃၀၊၃၅၊၄၀ ကျော်လောက်နဲ့ အ၀ယ်ဖြစ်နေတာလို့ သိရပါတယ်။

ဇာမဏီအကျိုးဆောင်က ဦးကျော်စွာက ၁၅၉၊၁၆၀ ရပ်ကွက်တွေမှာတော့ ၀ယ်ရောင်းသမားတွေ လှောင်ဖို့အတွက် ငွေနိုင်သူတွေဝယ်ကြတာပါ တစ်ကွက်ကို ကျပ် ၃၀၊၅၀ သိန်း၇ှိတယ်၊နေရာကောင်းရင် သိန်း ၄၀လောက်ရတယ်၊အရင်ကစပါးစိုက်တဲ့နေရာတွေက ပြန်ရတော့ နေရာကောင်းရင် သိန်း ၄၀၊၄၅ သိန်းလောက် ရတယ်လို့ ပြောပါတယ်။

ဝယ်သူမရှိဘဲ ဈေးကွက်အေးနေတဲ့ အချိန်တွေကြာခဲ့ပြီးမှ အခုလိုဈေးနှုန်းအသင့်အတင့် မြေကွက်တွေနဲ့ တန်ဖိုးနည်းအကွက်တချို့ အရောင်းအ၀ယ်ပြန်ဖြစ်လာတာဖြစ်တယ်လို့ ပြောပါတယ်။ဈေးကွက်ထဲမှာ အရင်ပေါက်ဈေးထက် ထက်ဝက်နီးပါးလောက် ဈေးကျနေတာဖြစ်တယ်။အရင်ကဈေးကွက်ခဲမှာ အ၀ယ်မရှိသလောက်ဖြစ်ပြီး ကွက်ကျားဈေးကွက် ဖြစ်နေခဲ့တာပါ။ဒဂုံသီးသန့် အကျိုးဆောင် မကေသီက ဈေးတွေက ကျပေမဲ့ အ၀ယ်သိပ်မရှိဘူး အခုကမြေကွက်လှောင်တဲ့ သူလောက်ပဲရှိတာ ပိုက်ဆံရှိနေတဲ့ ပွဲစားတချို့ ၀ယ်ထားကြတာပါ၊နေဖို့ကတော့ ကျန်စစ်သားလမ်းပိုင်းက ၅၂၊၃ ရပ်ကွက်တွေ ၆ ရပ်ကွက်လို့ နေရာတွေလောက်ပဲ ဈေးမြင့်တွေမဟုတ်ဘဲ အသင့်အတင့်လေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေကွက်လှောင်ဖို့ ၀ယ်ထားသူတွေက အခုချိန်မိုးတွင်းမှာ အောက်ဈေးတွေနဲ့ ၀ယ်ပြီး ကိုးလပိုင်း ၁၀ လပိုင်းတို့လို ဈေးကွက်ဖြစ်နေကျ အချိန်တွေမှာ ပြန်ထုပ်ကြတာဖြစ်တယ်လို့ သိရပါတယ်။အမြတ်နည်းနည်းနဲ့ ပြန်ထုပ်ကြတာလို့ အကျိုးဆောင်တချို့ကပြောပါတယ်။

ဦးကျော်စွာက သိန်း ၂၀မြတ် ၂၅ မြတ်နဲ့ လပိုင်းပဲဝယ်ပြီးလှောင်ကြတယ်၊သိန်း ၂၅၊၃၀ ပြန်ကျန်တာပဲထုတ်တဲ့ အခါ အမြတ်ပြန်ရတယ်၊တန်ဖိုးနည်းတွေလောက်ပဲဝယ်ကြတာပါ၊အရင်က သိန်း ၁၀၀ကျော်တွေတောင်အခုဆို သိန်း၅၀ ၆၀ လောက်ပဲ ရှိတော့တာ လို့ ပြောပါတယ်။

Source : The Kumudra

Facebook comments