ကွန်ဒိုဈေးကွက် နိုင်ငံခြားသား အဝယ်တချို့ ရှိ
ကွန်ဒိုဈေးကွက်အေးနေတယ်ဆိုပေမဲ့ နိုင်ငံခြားသား အဝယ်တချို့ရှိတယ်လို့ သိရပါတယ် ။ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ကွန်ဒိုဈေးကွက်ရဲ့ ဦးတည်ချက်က နိုင်ငံခြားသားဈေးကွက် ဖြစ်နေတယ်၊ ဥပဒေမထွက်တုန်းကတော့ ဥပဒေမရှိသေးတာကြောင့်လို့ဆိုပေမယ့် ထွက်လာတော့လဲ ဈေးကွက်မှန်းချက်နဲ့ မကိုက်ဘူး ၊ နိုင်ငံခြားသားတွေ အဝယ်တော့ ရှိတယ် ၊ မျှောမှန်းသလောက်တော့ မဟုတ်ဘူး ၊ ဥပဒေအရ အားနည်းချက်တွေရှိနေသေးတာကြောင့်’ လို့ပြောပါတယ် ။ကွန်ဒိုဈေးကွက်က အေးနေပေမဲ့ ဈေးနှုန်းတွေက အနည်းဆုံး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကနေ သိန်း ၆၀၀၀ ကျော်အထိ အမျိုးအစားအမျိုးမျိုးနဲ့ ဈေးနှုန်းတွေ အမျိုးမျိုးရှိနေပါတယ် ။ ဈေးကျသွားတာမျိုးမဟုတ်ဘဲ အရောင်းအဝယ်အေးနေတဲ့ အခြေအနေဖြစ်တယ် ။ အကျိုးဆောင်တချို့ကတော့ ဈေးကွက်ပြန်ကောင်းဖို့ အခြေအနေ ကာလအပိုင်းအခြား တစ်ခုလောက်ပဲ ကြာမှာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ် ။ဝသုန်အကျိုးဆောင် ဦးမောင်ဝင်းက ‘အများစုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ကွန်ဒိုဈေးကွက်သွက်လာမယ်ထင်ကြတယ် ၊ ဒါတွေက ဆက်စပ်မှုရှိပေမဲ့လဲ့ အကုန်လုံးတော့ မဟုတ်ဘူး ၊ ဈေးကွက်ထဲမှာ ဝယ်လက်မရှိဘူးဆိုပေမဲ့ ဝယ်တဲ့သူတွေရှိတယ် ၊ ဈေးကလဲ အတက်ဈေးနဲ့ပဲ ရပ်တည်နေတာမကျဘူး’ လို့ပြောပါတယ် ။Source: The Kumudra
Facebook comments