မြေကွက်ဝယ်ယူထားသူများ အခြေခံအဆောက်အအုံ ဆောက်လုပ်ရန် ဇေကမ္ဘာကုမ္ပဏီထုတ်ပြန်
ရန်ကုန်စက်မှုဇုန်အပိုင်း သုံးခုတွင် မြေကွက်ဝယ်ယူထားသူ များ အခြေခံအဆောက်အအုံကို ရာနှုန်းပြည့်ဆောက်လုပ်ရန်နှင့် မဆောက်လုပ်ပါက စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်မည်ဟု ဇေကမ္ဘာကုမ္ပဏီက ထုတ်ပြန်သည်။အဆိုပါစက်မှုဇုန်အတွင်း မြေကွက်ဝယ်ယူထားသည့် ကုမ္ပ ဏီများသည် ဇေကမ္ဘာကုမ္ပဏီနှင့် ၀ယ်ယူစဉ်က အဆောက်အအုံ များ အမြန်ဆောက်လုပ်၍ စက်မှု ဇုန်အကောင်အထည်ဖော်ရန် စာ ချုပ်ချုပ်ထားပြီး မဆောက်လုပ်သော လုပ်ငန်းရှင်များကျန်နေခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု ဇေကမ္ဘာကုမ္ပဏီက ဆိုသည်။‘‘အဓိကကုမ္ပဏီဘက်က လုပ်သင့်တာလုပ်ဖို့ သတိပေးတာပါ။ ဆောက်နေကြတာရှိပေမယ့် ကြို ကြားမဆောက်သေးတာကျန် သေးလို့ သတိပေးချက်ထုတ်တာ ပါ’’ဟု အဆိုပါဇေကမ္ဘာကုမ္ပဏီ၏ ဈေးကွက်မြှင့်တင်ရေးမန်နေဂျာ က ဆိုသည်။ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်များအတိုင်း ဆက်လက် လုပ်ဆောင်မည်ဟု ဇေကမ္ဘာကုမ္ပ ဏီက ဆိုထားသော်လည်း အသေး စိတ်မည်သို့ လုပ်ကိုင်မည်ကို ပြော ဆိုခြင်းမရှိပေ။စက်မှုဇုန်များတွင် လုပ်ငန်း မလုပ်ဘဲ မြေကွက်များ ၀ယ်ယူ ရင်းနှီးထားမှုသည် စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာ၌ အခက်အခဲဖြစ်ကြောင်း စက် မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အချို့ပြောကြားသည်။ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်များတွင် မြေကွက်လွတ် များကို လုပ်ငန်းမလုပ်လျှင် ပြန် သိမ်းရန် ယခင်အစိုးရဒုတိယ သမ္မတဦးဆောင်ပြီး ဆောင်ရွက်ခဲ့ သော်လည်း အမှန်တကယ်လုပ် ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန် ၂၉ ခုတွင် လုပ်ငန်းမ လုပ်သည့် မြေကွက် ၂,၃၃၉ ဧက နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိ သည်ဟု တိုင်းဒေသကြီးမှ ကောက်ယူထားသော စာရင်းအရသိရသည်။Source: 7DayDaily
Facebook comments