နိုင်ငံတစ်ဝန်း ခြောက်လအတွင်း ဟိုတယ်အလုံးရေ ၉၀ ကျော်မြင့်တက်
ယခုနှစ်ဇွန်လအထိ နိုင်ငံတစ်ဝန်းတွင် ဟိုတယ်၁,၃၃၅ လုံးအထိရှိလာပြီး ယခင်နှစ်ထက် ဟိုတယ် ၉၅ လုံး မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။‘‘လာမယ့်ပွင့်လင်း ခရီးသွား ရာသီမှာ ၀င်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေ ပိုဝင်မယ်ဆို ပြီးမျှော်မှန်းထားတာကြောင့် အဲဒီအတွက်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဟိုတယ်အလုံးရေ တိုးချဲ့ တည်ဆောက်မှုက တိုးတက်လာ တာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းရွှေကပြော ကြားသည်။ဝန်ကြီးဌာန ထုတ်ပြန်မှု စာရင်းများအရ ၂၀၁၅ တွင် ဟိုတယ် ၁,၂၄၀ လုံးရှိသော်လည်း ယခုနှစ် ဇွန်လကုန်တွင် ဟိုတယ် ၁,၃၃၅ လုံးအထိ ရှိလာသဖြင့် ခြောက်လအတွင်း သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။‘‘ဟိုတယ်အလုံးရေများလာရင် ဈေးကျလာမှာဖြစ်တဲ့အတွက် လာသမျှဧည့်သည်တွေက၀န်ဆောင်မှုကောင်းကောင်းနဲ့ဈေးနှုန်းသက်သာတဲ့ ဟိုတယ်တွေကို ရွေးချယ်ပြီး တည်းခိုနိုင်တော့မှာ ဖြစ်ပါတယ်’’ဟု ဦးသန်းရွှေကပြောသည်။အသစ်တိုးလာသော ဟိုတယ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုများ ပြားကြောင်းသိရသည်။Source: 7Daydaily
Facebook comments