09-261334475

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ကုန်ထုပ်လုပ်ငန်းနဲ့ အိမ်ခြံမြေ ဦးဆောင်နေ

နှစ်စဉ်ကဏ္ဍအလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်မှုနဲ့ အိမ်ခြံမြေကဏ္ဍတွေက ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ညွန်ကြားမှုဦးစီးဌာန (DICA) က ၂၀၁၆ ခုနှစ် ဇွန်လကုန်က ထုတ်ပြန်ထားပါတယ် ။

ဇွန်လအကုန်က ထုတ်ပြန်လိုက်တဲ့စာရင်းအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေကတော့ 

၁။ကုန်ထုတ်ထုပ်မှုကဏ္ဍ

၂။အိမ်ခြံမြေကဏ္ဍ

၃။သယ်ယူပို့ဆောင်ရေးကဏ္ဍ

၎။ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ

၅။ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ တို့ဖြစ်တယ်လို့ သိရပါတယ် ။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဟာ အခုနှစ်မှာ သိသိသာသာ တိုးတက်လာတာဖြစ်တယ်လို့လည်း သိရပါတယ် ။
ကဏ္ဍပေါင်း ၁၁ ခုမှာ လုပ်ငန်းပေါင်း ၁၁၉၄ ခုရှိပြီး ကျပ်ငွေ ၁၁.၆ ထရီလျံရှိလာပြီဖြစ်တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ညွန်ကြားမှုဦးစီးဌာနက သိရပါတယ် ။

Source: The Modern

Facebook comments